မိခင်တွေမှာ ဆီးချိုရောဂါရှိရင် ကလေးတွေရဲ့ကျန်းမာရေးကို သွားပြီးထိခိုက်စေနိုင်သတဲ့
လေ့လာမှုတစ်ခုအရ မိခင်ရဲ့ဆီးချိုရောဂါကြောင့် ကလေးရဲ့သွေးဆဲလ်လေးတွေအပေါ် သက်ရောက်မှုရှိတယ်လို့ တွေ့ရှိရပါတယ်။ အဓိကအားဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ ဆီးချိုရောဂါကြောင့် ပုံမှန်ထက် ပိုပြီးဝတဲ့ကလေးတွေ မွေးဖွားစေနိုင်ပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုကိုယ်ဝန်ဆောင်မိခင်မှာ ဘယ်လိုဆီးချိုရောဂါအမျိုးအစားမဆိုရှိရင် သန္ဓေသားလေးရဲ့ ကျန်းမာရေးကိုအပေါ်မှာ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။
American Journal of Physiology-Cell Physiology ကနေ ထုတ်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ ဆီးချိုရောဂါရှိသူမိခင်တွေကနေ မွေးဖွားလာတဲ့ကလေးတွေမှာ နှလုံးရောဂါဖြစ်နိုင်ချေ သိသာစွာ မြင့်မားနေတယ်လို့ ဆိုထားပါတယ်။
ဒီလိုမိခင်တွေကနေ မွေးဖွားလာတဲ့ကလေးတွေမှာ transgelin လို့ခေါ်တဲ့ ပရိုတင်းဓာတ်တစ်မျိုး မြင့်မားတယ်လို့ သုတေသနတွေမှာ တွေ့ရှိထားပါတယ်။ Transgelin ဆိုတာကတော့ သွေးကြောနံရံတွေမှာတွေ့ရတဲ့ ပရိုတင်းတစ်မျိုးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုရောဂါရှိတဲ့အမျိုးသမီးတွေက မွေးဖွားလာတဲ့ကလေးတွေနဲ့ ဆီးချိုရောဂါမရှိတဲ့အမျိုးသမီးတွေက မွေးဖွားလာတဲ့ကလေးတွေရဲ့ ချက်ကြိုးထဲက သွေးနမူနာတွေကို ယူပြီး စစ်ဆေးကြည့်တဲ့အခါမှာ transgelin ပရိုတင်းပမာဏ မြင့်မားစွာ ပါဝင်ခြင်းက ကျန်းမာတဲ့သွေးဆဲလ်တွေဖွံ့ဖြိုးမှုကို ပျက်ယွင်းစေတယ်လို့ တွေ့ရပါတယ်။ ဒီဆဲလ်တွေက အနာကျက်စေဖို့နဲ့ လူ့ခန္ဓာကိုယ် နှလုံးသွေးကြောစနစ် တည်ဆောက်ရာမှာ မရှိမဖြစ် အရေးပါပါတယ်။ ဒီပရိုတင်း လုံလောက်စွာ မပါဝင်ဘူးဆိုရင် ကလေးရဲ့သွေးကြောကျန်းမာရေး သိသိသာသာ ထိခိုက်ပြီးတော့ နောက်ပိုင်းမှာ နှလုံးရောဂါဖြစ်နိုင်ချေကို များစေပါတယ်။
ကိုယ်ဝန်ဆောင် ဒုတိယသုံးလပတ်နဲ့ နောက်ဆုံးသုံးလပတ်မှာ ကိုယ်ဝန်ဆောင်နဲ့ ဆက်စပ်နေတဲ့ ဟော်မုန်းပမာဏနဲ့ ခန္ဓာကိုယ်အလေးချိန် တက်လာတဲ့အတွက်ကြောင့် ဒီအချိန်မှာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါကို တွေ့ရလေ့ရှိပါတယ်။
အချို့အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကို အတိအကျမသိရပေမယ့်လည်း အများအားဖြင့် ဖြစ်နိုင်ချေများစေတဲ့ အချက်တွေကတော့ အသက် ၂၅ နှစ်အထက်အမျိုးသမီး၊ မိသားစုထဲမှာ အမျိုးအစား-၂ ဆီးချိုရောဂါရှိခြင်း၊ BMI 30 အထက်ရှိခြင်း စတာတွေကြောင့် ဆီးချိုရောဂါဖြစ်နိုင်ချေ မြင့်မားစေပါတယ်။
Obimin 1

>> ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိတဲ့ မိခင်တွေအနေနဲ့ ကျန်းမာအောင် ဘယ်လိုနေထိုင်ကြမလဲ?
အစာစားပြီးလျှင် လမ်းလျှောက်ပေးခြင်း (လမ်းမကြာခဏလျှောက်ပေးပါ။ အဝေးကြီးလျှောက်စရာ မလိုပါဘူး။ အနီးအနားလေးမှာပဲ လျှောက်ပေးပါ)၊ အသင့်စားပြုပြင်ထားတဲ့ အစားအစာတွေ မဟုတ်ဘဲနဲ့ သဘာဝအစားအစာတွေကို စားပေးခြင်းတို့က အင်ဆူလင်တုံ့ပြန်နိုင်စွမ်းနဲ့ သွေးတွင်းသကြားဓာတ်ပမာဏတွေအပေါ်မှာ ကောင်းကျိုးတွေကို ရရှိစေပါတယ်။
ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ ဖြစ်နေတယ်လို့သိရင် ဆီးချိုတိုင်းစက်ကို အသုံးပြုပြီး သွေးတွင်းသကြားဓာတ်ပမာဏကို အမြဲဖောက်စစ်ကာ ထိန်းချုပ်ထားနိုင်ခြင်းအားဖြင့် ကျန်းမာတဲ့မိခင်နဲ့ ကျန်းမာတဲ့ကလေးအဖြစ် ရရှိနိုင်ပါတယ်။
Obimin 2

ကိုယ်ဝန်ဆောင်ဆီးချိုရောဂါရှိတဲ့အမေတွေက မွေးဖွားလာတဲ့ကလေးတွေက လမစေ့ဘဲမွေးခြင်း၊ ကလေးကြီးလွန်းခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာစု၊ မွေးပြီးပြီးချင်း နာရီအနည်းငယ်အတွင်း (သို့) ရက်ပိုင်းအတွင်းမှာ သွေးတွင်းသကြားဓာတ်ပမာဏ ကျဆင်းခြင်းနဲ့ နောက်ပိုင်းကလေးမှာ အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေတွေကို များစေပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မိခင်မှာ ဆီးချိုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အနေအထိုင်၊ အပြုအမူတွေကို ကျင့်သုံးပြီးတော့ သွေးတွင်းသကြားဓာတ်ပမာဏကိုလည်း ပုံမှန်ထိန်းထားနိုင်မယ်ဆိုရင် သွေးတိုးခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်းနဲ့ အခြား နောက်ပိုင်းမှာအမျိုးအစား-၂ ဆီးချိုရောဂါဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























