/
node/10560

ခေါင်းကိုက်ပြီး ဖျားတဲ့အခါ သတိထားစရာအချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ခေါင်းကိုက်တာနဲ့ ဖျားတာက ရောဂါအများကြီးရဲ့လက္ခဏာ ဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ နှစ်ခုလုံးတစ်ပြိုင်တည်း ဖြစ်တာက အရေးကြီးနိုင်တာမို့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

အခုဖြစ်ပွားနေတဲ့ ကပ်ရောဂါရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်သလို တခြားရောဂါတွေဖြစ်တဲ့ -
1.  ဦးနှောက်အမြှေးရောင်ရောဂါ
ဦးနှောက်ကို ဖုံးအုပ်ထားတဲ့ အမြှေးပါးဟာ ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယားပိုးကြောင့် ရောင်ရမ်းတာဖြစ်ပြီး သူ့ရဲ့လက္ခဏာတွေကတော့ -
●  ဖျားတာ၊ ခေါင်းကိုက်တာ
●  လည်ပင်းနာတာ၊ လည်ပင်းတောင့်တာ
●  အလင်းကို မကြည့်နိုင်တာ
●  ခေါင်းမူးတာ
●  ပျို့အန်တာ
●  သတိမကောင်းတာတွေ ဖြစ်ပါတယ်။

2.  တုပ်ကွေး
ရာသီတုပ်ကွေးတွေမှာလည်း -
●  ဖျားတာ
●  ခေါင်းကိုက်တာ
●  ချောင်းဆိုးတာ
●  လည်ပင်းနာတာ
●  ကြွက်သားတွေ နာကျင်ကိုက်ခဲတာ
●  နှာရည်ယိုတာ
●  မျက်စိနီတာ၊ ယားတာ
●  အလင်းကို မကြည့်နိုင်တာ
●  မောတာ စတာတို့ ဖြစ်ပါတယ်။

Alaxan IA (1)

3.  ဦးခေါင်းမှာရှိတဲ့ လေအိတ်လေးတွေ ပိုးဝင်တာ
လေအိတ်လေးတွေ ရောင်ရမ်းတဲ့အခါ -
●  ခေါင်းကိုက်တာ
●  ဖျားတာ
●  မျက်နှာကြွက်သားတွေ နာတာ
●  နှာခေါင်းပိတ်တာ၊ နှာရည်ယိုတာ
●  အနံ့အသက် မကောင်းတာ
●  သွားကိုက်တာ
●  ချောင်းဆိုးတာတို့ ဖြစ်ပါတယ်။

4.  နားပိုးဝင်တာ
နားပိုးဝင်တာက ၆ လကနေ ၂၄ လအတွင်း ကလေးတွေမှာ အဖြစ်များပါတယ်။ သူ့ရဲ့လက္ခဏာတွေက -
●  ဖျားတာ
●  ခေါင်းကိုက်တာ
●  အိပ်ရေးပျက်တာ
●  အစားကောင်းကောင်း မစားတာ
●  ဂျီကျတာ
●  အန်တာ
●  ဝမ်းလျှောတာတို့ ဖြစ်ပါတယ်။

5.  အပူရှပ်တာ
အပူထဲနေတာ များပြီး ကိုယ်အပူချိန် 104°F လောက်ဖြစ်ပြီး ဖျားတာ၊ ခေါင်းကိုက်တာအပြင် တက်တာ၊ သတိမကောင်းတာ၊ အန်တာ၊ ကြွက်တက်တာတွေပါ ဖြစ်နိုင်ပါတယ်။

Alaxan IA (2)

6.  ကာကွယ်ဆေးထိုးတာ
ကာကွယ်ဆေးထိုးပြီး ဘေးထွက်ဆိုးကျိုးတွေအနေနဲ့လည်း -
●  ခေါင်းကိုက်တာ
●  ဖျားတာ
●  ချမ်းတာ
●  နုံးချိနေတာ
●  ထိုးထားတဲ့နေရာမှာ နာ၊နီ၊ ရောင်တာ
●  ကြွက်သားတွေ၊ အရိုးအဆစ်တွေ ကိုက်ခဲနာကျင်တာတို့ ဖြစ်ပါတယ်။

7.  တချို့ဆေးတွေ
တချို့ဆေးတွေ စပြီးသောက်တဲ့အခါမှာ တုပ်ကွေးလက္ခဏာတွေ ခံစားရတတ်ပါတယ်။ အထူးသဖြင့် ကင်ဆာဆေးတွေ၊ တီဘီဆေးတွေပါ။ ရက်အနည်းငယ်လောက် ကြာနိုင်ပြီး လက္ခဏာတွေက -
●  ဖျားတာ
●  ခေါင်းကိုက်တာ
●  ကြွက်သားတွေ ကိုက်ခဲတာ
●  ချောင်းဆိုးတာ
●  လည်ချောင်းနာတာ
●  နှာရည်ယိုတာ
●  ပျို့အန်တာ
●  ဝမ်းသွားတာတို့ ဖြစ်ပါတယ်။

Dr. Htar (www.drmyanmar.com)