/
node/10561

အအေးမိတုပ်ကွေးအဖြစ်များတဲ့ အခုလိုကာလမှာ ရင်သွေးငယ်လေးများကို ဘယ်လိုဂရုစိုက်သင့်လဲ

Category
ကလေးများနှင့်ကျန်းမာရေး

အသက် ၁ နှစ်အောက် ကလေးငယ်ရှိတဲ့ မေမေတွေအနေနှင့် အခုလိုတုပ်ကွေးရာသီမှာ ကလေးတွေ ကျန်းမာအောင် အလေးထားပြီး ပြုစုစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဒီအရွယ်ကလေးငယ်လေးတွေမှာ တုပ်ကွေးကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးတွေဟာ အလွန်ကြောက်စရာကောင်းပါတယ်။

>>  တုပ်ကွေးက ဘာလို့ကြောက်စရာကောင်းတာလဲ?
●  လသားကလေးငယ်တွေအနေနှင့် ကိုယ်ခံအားစနစ်ကောင်းစွာ မဖွံ့ဖြိုးသေးတဲ့အတွက် ကိုယ်ခန္ဓာကနေ ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားတွေကို ကောင်းစွာတိုက်ထုတ်နိုင်စွမ်း မရှိသေးပါဘူး။
●  အထူးသဖြင့် တုပ်ကွေးကာကွယ်ဆေး မထိုးရသေးတဲ့ ၆ လအောက် ကလေးငယ်တွေမှာ ပိုပြီးသတိထားဖို့ လိုပါတယ်။

Biogesic for kids IA 1

>>  တုပ်ကွေးရာသီမှာ ကလေးငယ်ကို ဘယ်လိုဂရုစိုက်မလဲ?
●  လသားကလေးငယ်လေးတွေကို မကိုင်ခင်မှာ လက်ကို ဆပ်ပြာနှင့်ရေဖြင့် စက္ကန့် ၂၀ ကြာအောင် ဆေးကြောပါ။ ရေဆေးဖို့ မလွယ်တဲ့အခြေအနေမှာ အယ်ကိုဟော အနည်းဆုံး ၆၀ ရာနှုန်းပါသော လက်သန့်ဆေး အသုံးပြုနိုင်ပါတယ်။
●  မိသားစုဝင် မဟုတ်သူတွေကိုလည်း မိမိကလေးကို မကိုင်ခင်မှာ လက်ဆေးဖို့ တောင်းဆိုသင့်ပါတယ်။
●  မိသားစုဝင်ဖြစ်စေကာမူ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းစသော တုပ်ကွေးလက္ခဏာတွေရှိနေပါက ကလေးကို နမ်းခြင်း၊ ချီခြင်း၊ ထိတွေ့ခြင်း မပြုလုပ်သင့်ပါဘူး။
●  မိဘများအနေနှင့်လည်း ကလေးကို နမ်းလိုပါက မျက်နှာနှင့်နှုတ်ခမ်းကိုနမ်းတာထက်စာရင် ဦးခေါင်းအနောက်လေးကိုနမ်းခြင်းက ပိုပြီးစိတ်ချရပါတယ်။

Biogesic for kids IA 2

>>  တုပ်ကွေးရာသီမှာ အိမ်ပြင်ထွက်တဲ့အခါ -
●  လသားကလေးငယ်များကို မဖြစ်မနေ အခြေအနေမျိုးမှသာ အိမ်ပြင်ခေါ်သွားသင့်ပါတယ်။ အပြင်ခေါ်တဲ့အခါမှာလည်း နွေးထွေးစွာဝတ်ဆင်ပေးခြင်း၊ သူစိမ်းများနှင့် မထိတွေ့စေခြင်း၊ အချိန်ကြာကြာမနေခြင်းတို့ဖြင့် တုပ်ကွေးရန်က ကာကွယ်သင့်ပါတယ်။

>>  အန္တရာယ်ရှိသော လက္ခဏာများ
●  လူကြီးတွေအနေနှင့် ဖျားခြင်း၊ ကိုယ်လက်နာခြင်း၊ ဝမ်းပျက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ လည်ချောင်းနာခြင်း စသော လက္ခဏာတွေရှိနေပြီဆိုရင်တော့ ကလေးနား မကပ်ဖို့ သတိပြုသင့်ပါတယ်။ အိမ်တွင် နေမကောင်းသူတစ်ဦးဦး ရှိနေပါကလည်း ကလေးနားကို မကပ်ဖို့ တားမြစ်ကြဖို့ အကြံပြုလိုပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)