/
node/10787

စိတ်ဖိစီးမှုနဲ့ ဓမ္မတာစက်ဝန်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ကိုယ် အရမ်းသွားချင်နေတဲ့ခရီးတစ်ခုကို စပြီး ကြံစည်ပြီဆိုကြပါစို့။ ကြိုတင်ဘိုကင်တင်စရာ၊ စီစဉ်စရာ၊ ပစ္စည်းထည့်စရာတွေကြားထဲက ဓမ္မတာလာရင်ဆိုတဲ့အတွေးက စိတ်ညစ်စရာပါပဲ။ ခရီးလမ်းမှာ ဓမ္မတာလာတာ၊ ဝမ်းဗိုက်ကိုက်ခဲတာတွေကို စဉ်းစားမိရင်ကို ပျော်ရမယ့်အတွေးတွေ ပျောက်သွားတတ်ပါတယ်။

>>  ဓမ္မတာစက်ဝန်းနဲ့ စိတ်ဖိစီးမှု
ခရီးသွားတာက ဥပမာပေးတာပါ။ ဘယ်လိုစိတ်ဖိစီးမှုမဆို ဓမ္မတာစက်ဝန်းပေါ် ထိခိုက်သက်ရောက်မှုရှိပါတယ်။ အတော်အသင့် စိတ်ဖိစီးမှုက လူကို စိန်ခေါ်မှုတွေဖြစ်စေလို့ ကောင်းပေမယ့် အလွန်အကျွံဖြစ်သွားရင်တော့ မကောင်းပါဘူးနော်။ ကိုယ်ခန္ဓာဟာ မမျှော်လင့်ဘဲ ရောက်လာတဲ့ အတားအဆီးတွေရဲ့ဒဏ်ကို တော်တော်ခံရတတ်ပါတယ်။ အလွန်အမင်း စိတ်ပူပန်သောကရောက်ခြင်းကြောင့် ဝမ်းလျှောတာ၊ မကြာမကြာဆီးသွားတာ၊ ဗိုက်အောင့်တာ၊ အသက်ရှူတာ မြန်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းတွေလည်း ခံစားရတာပေါ့။ တချို့အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုကြောင့် ဓမ္မတာမမှန်တာ၊ ကျော်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှု တစ်အားများလာတဲ့အခါ ဓမ္မတာ ယာယီရပ်တန့်သွားတာမျိုးထိတောင် ဖြစ်နိုင်ပါတယ်။

Dolfenal 1

>>  စိတ်ဖိစီးမှုက ဓမ္မတာအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သလဲ?
စိတ်ဖိစီးမှုနဲ့ဓမ္မတာကြားက ဆက်နွယ်မှုကို များများစားစား သိပ်မသိကြသေးပါဘူး။ စိတ်ဖိစီးမှုကြောင့် ကိုယ်ခန္ဓာက ဟော်မုန်းတွေကို ထိန်းချုပ်တဲ့ Hypothalamus လို့ခေါ်တဲ့ ဦးနှောက်ထဲကဂလင်းန်းကို သွားပြီးဖိနှိပ်လိုက်ပါတယ်။ သားဥအိမ် ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အခါ အီစရိုဂျင်အမျိုးသမီးဟော်မုန်း ထုတ်လုပ်တာ၊ သားဥကြွေတာနဲ့ တခြားမျိုးပွားလုပ်ငန်းတွေအကုန် ကမောက်ကမ ဖြစ်ကုန်ပါတယ်။ အီစထရိုဂျင်ဟာ သားအိမ်အတွင်းသားကို တည်ဆောက်ပြီး ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်ဖြစ်စေအောင် လုပ်ဆောင်ပေးတဲ့ဟော်မုန်းပါပဲ။ သားဥအိမ် ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အခါမှာ ဓမ္မတာတွေလည်း ကမောက်ကမဖြစ်ပြီး ရာသီမလာတာ၊ ရာသီမမှန်တာတွေ ဖြစ်လာနိုင်ပါတယ်။

Dolfenal 2

>>  ပုံမှန်ပြန်လည်လည်ပတ်နိုင်ဖို့ -
စိတ်ဖိစီးမှုက ဟော်မုန်းတွေကိုထိန်းချုပ်တဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းကို ကမောက်ကမဖြစ်စေတာကြောင့် ဓမ္မတာ အချိန်မမှန်တာတွေကို ဖြစ်စေတတ်ပါတယ်။ စိတ်ဖိစီးမှုကို လျှော့ချပြီး မှန်မှန်ကန်ကန်နဲ့ ပြဿနာတွေကို ကျော်လွှားနိုင်မယ် ဆိုရင်တော့ ဓမ္မတာ ပုံမှန်ပြန်ဖြစ်လာမှာပါ။ စိတ်ရောဂါပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးတာ၊ စိတ်ငြိမ်ဆေးသောက်တာမျိုးက စိတ်ဖိစီးမှုပမာဏကို တော်တော်လျော့ချပေးပြီး ကိုယ်ခန္ဓာကိုလည်း ပုံမှန်အတိုင်း ပြန်လည်လည်ပတ်စေနိုင်လာပါလိမ့်မယ်။
ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုဆိုတာ အမြဲကြုံတွေ့နေရမှာပါ။ ဒီလိုစိတ်ဖိစီးမှုတွေကို မှန်မှန်ကန်ကန် ဘယ်လိုကျော်ဖြတ်မယ်ဆိုတာကို ရှာဖွေနိုင်မှသာလျှင် ကိုယ့်ကိုယ်ခန္ဓာဟာလည်း မှန်မှန်လေး လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)