အစပ်ကိုမှ ချဉ်ခြင်းတပ်နေတဲ့ ဗိုက်ဗိုက်တို့သိမှတ်စရာ
ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ထူးထူးဆန်းဆန်းအစာများကို ချဉ်ခြင်းတပ်လေ့ရှိကြပါတယ်။ ဒါဟာ သဘာဝပဲဖြစ်ပြီး စိုးရိမ်စရာအကြောင်းတစ်ခု မဟုတ်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာ အစပ်တွေစားလိုသော မိခင်များရှိသလို နဂိုကတည်းက အစပ်ကြိုက်သော မေမေများအနေနှင့်လည်း အစပ်စားခြင်းကြောင့် မိမိနှင့်ရင်သွေးလေးအပေါ် ဘာတွေထိခိုက်နိုင်လဲဆိုတာ သိလိုကြပါလိမ့်မယ်။
>> အစပ်တွေက ရင်သွေးလေးကို ထိခိုက်နိုင်လား
တကယ်တော့ ကိုယ်ဝန်ဆောင်ချိန် အစပ်စားခြင်းဟာ ရင်သွေးလေးကို ထိခိုက်နိုင်ခြင်းမရှိပါဘူး။
Obimin 1

>> အစပ်တွေက မေမေ့ကိုကော ထိခိုက်နိုင်လား
အစပ်စားခြင်းကြောင့် မေမေ့ကိုတော့ ထိခိုက်မှုအနည်းငယ် ရှိနိုင်ပါတယ်။ အရမ်းဆိုးဆိုးရွားရွားမဟုတ်ပေမယ့် ရင်ပူခြင်း၊ အစာမကြေခြင်း၊ ဗိုက်နာခြင်းတို့ ကြုံတွေ့ရနိုင်ပါတယ်။
>> အစပ်စားခြင်းကြောင့် ကိုယ်ဝန်ဆောင်ကာလအလိုက်ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကတော့ -
● ကိုယ်ဝန်ဆောင် ပထမ (၃) လမှာဆိုရင်တော့ မနက်ခင်း ပျို့အန်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ တစ်နေ့ကုန်လည်း ပျို့ချင် အန်ချင်စိတ်များ ဖြစ်စေနိုင်ပါတယ်။
● ကိုယ်ဝန်ဆောင် ဒုတိယ (၃) လနှင့် တတိယ (၃) လမှာတော့ ရင်ပူခြင်း၊ အစာမကြေခြင်း၊ ပျို့ခြင်း၊ လေပွခြင်းနှင့် ဝမ်းပျက်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။
Obimin 2

>> အစပ်စားခြင်းကြောင့် ကလေး စောမွေးတတ်လား
အမျိုးသမီး (၂၀၁) ယောက်ကို လေ့လာတဲ့သုတေသနတခုအရ ၂၀ ရာနှုန်းလောက်ဟာ မွေးခါနီးချိန်မှာ အစပ်စားခြင်းကြောင့် ကလေး စောမွေးခဲ့ကြပါတယ်။
ဒီအတွက် သိပ္ပံနည်းကျ ဖြေရှင်းချက်မရှိသေးပေမယ့် ကိုယ်ဝန်ဆောင် ၃၈ ပတ်သို့ ရောက်ရှိနေသော အမျိုးသမီးများအနေနှင့် အစပ်စားမယ်ဆိုရင်တော့ ကလေး စောစောမွေးနိုင်ချေ မြင့်တက်နိုင်ပါတယ်။
အစပ်ကြိုက်သော မိခင်လောင်းများအနေနှင့် တန်ဆေးလွန်ဘေးဆိုသလို ချိန်ဆပြီးမှ စားသောက်တာ အကောင်းဆုံး ဖြစ်ပါတယ်။
အစပ်စားပြီးနောက် ပြင်းထန်သောဝမ်းပျက်ခြင်း၊ ရင်ပူခြင်း၊ လေထခြင်း၊ ဗိုက်ရစ်ခြင်းတို့ ခံစားရပါက ဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်ဖို့လိုပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























