ဘေဘီလေးတွေ ချောင်းဆိုးနေလို့ စိတ်ပူနေလား
ကလေးတွေ ချောင်းဆိုးတာက ကြားရတာ စိတ်မချမ်းသာစရာကောင်းပေမယ့် အရမ်းအရေးကြီးတဲ့ရောဂါ ဖြစ်တယ်ဆိုတာ ရှားပါတယ်။ အအေးမိပြီး ချောင်းဆိုးတာက တစ်ခါတလေ ၃ ပတ်လောက်ထိ ကြာနိုင်ပြီး အနားကောင်းကောင်းယူလိုက်ရင် သက်သာသွားပါတယ်။
ချောင်းဆိုးတာမှာ နှစ်မျိုးရှိပါတယ်။ သလိပ်ထွက်တဲ့ ချောင်း၊ သလိပ်မထွက်ဘဲ ဆိုးတဲ့ချောင်းဆိုပြီး သာမန် ၂ မျိုး ခွဲလို့ရပါတယ်။
Atussin Kids 1

ကလေးတွေမှာ အဖြစ်များတဲ့ ချောင်းဆိုးရတဲ့ အကြောင်းအရင်းတွေက -
၁။ အအေးမိတာ၊ အသက်ရှူလမ်းကြောင်း ပိုးဝင်တာ
ကလေးငယ်လေးတွေမှာ တစ်နှစ်ကို ၆ ကြိမ် - ၁၂ ကြိမ်အတွင်း ဖြစ်တတ်ပါတယ်။ သလိပ်ထွက်၊ ရင်ခေါင်းသံနဲ့ ချောင်းဆိုးရင် အဆုတ်ပိုးဝင်တာဖြစ်ဖို့များပြီး ၂ ပတ်လောက် ကြာနိုင်ပါတယ်။
၆ လအောက် ကလေးတွေမှာတော့ လေပြွန်လေးတွေရောင်တာ အဖြစ်များပါတယ်။
၂။ ပန်းနာရင်ကြပ်
ချောင်းခြောက်ဖြစ်ပြီး ညဘက်တွေမှာ ဆိုးတာများပါတယ်။ မနက်အစောကြီးတွေ၊ အားကစားလုပ်တဲ့အခါတွေမှာလည်း ဆိုးတတ်ပါတယ်။
တရွှီရွှီမြည်တာ၊ ဓာတ်မတည့်တာတွေနဲ့ လာတတ်ပြီး မိသားစုထဲမှာလည်း ပန်းနာရင်ကြပ်ဖြစ်တဲ့လူ ရှိတတ်ပါတယ်။
၃။ လေပြွန်တွေ ကျယ်လာတာ
သလိပ်ထွက်ချောင်းဆိုးတာ ၄ ပတ်ထက် ကြာလာပြီဆိုရင် ဆရာဝန် ပြသင့်ပါတယ်။ လေပြွန်တွေ ကျယ်တာက ကြာလေ အဆုတ်ကို ထိခိုက်မှုများလေ ဖြစ်တတ်ပါတယ်။
Atussin Kids 2

၄။ မီးခိုးတွေကြောင့်
ဆေးလိပ်ငွေ့ကို တစ်ဆင့်ရှူမိတာက အဖြစ်များဆုံး အကြောင်းအရင်းတစ်ခုပါ။ ကလေးငယ်တွေရဲ့ ပတ်ဝန်းကျင်မှာ အခိုးအငွေ့တွေ မရှိပါစေနဲ့။
၅။ ကြက်ညှာချောင်းဆိုး
စစဖြစ်ချင်းကတော့ အအေးမိတုပ်ကွေးနဲ့ ပုံစံတူပြီး နောက်ပိုင်းမှာ ချောင်းဆိုးတကြာလာပါတယ်။ ဆိုးရင်လည်း အဆက်မပြတ် ဆက်တိုက်ဆိုးတတ်ပါတယ်။
၆။ အသံအိုး၊ လေပြွန်တွေ ရောင်တာ
သူလည်း စစချင်းက အအေးမိတုပ်ကွေးဖြစ်ပြီး ၁ ရက်၊ ၂ ရက်လောက်ကြာရင် ရှတတအသံတွေနဲ့ ချောင်းဆိုးပြီး ည အသက်ရှူရင် အသံတွေ မြည်လာပါတယ်။
Dr. Htar (www.drmyanmar.com)






























