ကလေးတွေမှာ ရှိသင့်တဲ့အသက်ရှူနှုန်းနဲ့ ဘယ်လိုလက္ခဏာတွေပြရင် စိုးရိမ်သင့်လဲ?
ကလေးရဲ့ အဆုတ်အလုပ်လုပ်ပုံကို ခန့်မှန်းနိုင်ဖို့ အသက်ရှူနှုန်းက အရေးပါပါတယ်။ ကလေးတွေရဲ့ အသက်ရှူနှုန်းဟာ ကလေးအသက်အပြင် ကိုယ်လက်လှုပ်ရှားမှု၊ ကိုယ်အပူချိန်၊ သွေးပေါင်ချိန်နဲ့ သွေးတွင်းလျပ်ရည်ပမာဏတွေပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။
>> ကလေးတွေအသက်အလိုက် ပုံမှန်ရှိရမယ့် အသက်ရှူနှုန်း (တစ်မိနစ်အတွင်းရှူနှုန်း) တွေကတော့ -
● မွေးကင်းစ (ပထမတစ်နှစ်အတွင်း) - ၃၀-၆၀
● အသက် ၁-၃ နှစ်အတွင်း - ၂၄-၄၀
● အသက် ၃-၆ နှစ်အတွင်း - ၂၂-၃၄
● အသက် ၆-၁၂ နှစ်အတွင်း - ၁၈-၃၀
● အသက် ၁၂-၁၈ နှစ်အတွင်း - ၁၂-၁၆
Solmux Kids 1

>> အသက်ရှူနှုန်းကို ဘယ်လိုတိုင်းတာမလဲ?
ကလေးရဲ့ရင်ဘတ်လေးကို ကြည့်လိုက်ပါ။ ရင်ဘတ်မောက်တက်လာရင် အသက်ရှူသွင်းတာဖြစ်ပြီး ရင်ဘတ်လေးပြန်ကျသွားရင် အသက်ရှူထုတ်တာ ဖြစ်ပါတယ်။ ဒီလိုရှူသွင်းရှူထုတ် တစ်စက်ဝန်းကို အသက်ရှူသံတစ်ချက်လို့ ရေတွက်မှာ ဖြစ်ပါတယ်။ တစ်မိနစ်အတွင်း ဘယ်နှချက်ရှူတယ်ဆိုတာကို ရေတွက်ပါ။ လှုပ်လှုပ်ရှားရှားလုပ်ပြီးချိန်မှာ မရေတွက်ပါနဲ့။ မှားတတ်ပါတယ်။
Solmux Kids 2

>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြဖို့ လိုအပ်မလဲ?
အသက် ၁-၁၂ နှစ်ကလေးမှာ အသက်ရှူနှုန်းအကြိမ် ၄၀ ထက်မြန်လာရင်၊ အသက် ၁၂ နှစ်အထက်ကလေးမှာ အသက်ရှူနှုန်းအကြိမ် ၂၀ ထက်မြန်လာရင်၊ တစ်မိနစ်ကို အသက်ရှူနှုန်း ၁၂ ကြိမ်အောက် ကျလာရင် ပုံမမှန်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒီလိုအသက်ရှူပုံမမှန်တာအပြင် -
● နှလုံးခုန်မြန်တာ
● လည်ချောင်းထဲက တစ်ရွှီရွှီမြည်နေတာ
● အသားတွေ၊ နှုတ်ခမ်းတွေ ပြာလာတာ
● တအင်းအင်း ညီးနေတာ
● လည်ပင်း၊ ရင်ဘတ်ကြွက်သားတွေပါသုံးပြီး ရှူနေရတာ
● နှာခေါင်းလေး ပွချည်ရှူံ့ချည်ဖြစ်နေတာ
● ရင်ဘတ်ကြွက်သားတွေ ချိုင့်ချိုင့်ဝင်သွားတာ
● ကလေးမှိန်းလာတာ ဒီလိုလက္ခဏာတွေရှိလာရင် အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ ဆေးရုံ၊ ဆေးခန်း ချက်ချင်းခေါ်သွားဖို့ လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























