/
node/11057

ကိုယ်တိုင်သတိမထားမိတဲ့ အသားအရေ အိုမင်းရင့်ရော်စေတဲ့ အပြုအမူများ

Category
အလှအပနှင့်ကျန်းမာရေး

အသားအရေ ပျက်စီးစေတဲ့အရာတွေထဲမှာ ဆေးလိပ်သောက်တာ၊ နေရောင်ကာလိမ်းဆေး မသုံးတာ၊ အိပ်ရေးမဝတာ စတဲ့အချက်တွေကို လူသိများကြပါတယ်။ ဒါပေမယ့် ကိုယ်တိုင်လုပ်လုပ်မိနေတဲ့ နိစ္စဓူဝကိစ္စတွေကလည်း အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။ ဘယ်လိုအပြုအမူတွေပါနေသလဲဆိုတာ ကြည့်လိုက်ရအောင်နော် ...

၁။  မကြာခဏမျက်နှာသစ်ခြင်း
မျက်နှာပေါ်မှာရှိတဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့လိုတယ်ဆိုပေမယ့် အလွန်အကျွံမလုပ်မိဖို့တော့ လိုအပ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်သာ မျက်နှာသစ်ပေးသင့်ပါတယ်။

၂။  ပိုက်နဲ့စုပ်သောက်ခြင်း
ရေ၊ အအေး စတာတွေကို အမြဲလိုလို ပိုက်နဲ့စုပ်သောက်တတ်ရင်တော့ ထပ်ခါထပ်ခါ လုပ်မိတဲ့အခါ နှုတ်ခမ်းနားတစ်ဝိုက်မှာ အရေးကြောင်းတွေ ဖြစ်လာနိုင်ပါတယ်။

၃။  ဝိတ်အမြန်ချခြင်း
ကိုယ်အလေးချိန် ထိန်းတာဟာ ကျန်းမာစေပေမယ့် တစ်ခါတည်းနဲ့ ဝိတ်အများကြီး ချလိုက်ရင်၊ မကြာခဏဆိုသလို ဝိတ်တက်လိုက်ကျလိုက်ဖြစ်နေရင် အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို ဆုံးရှုံးစေလို့ အသားအရေကို အိုမင်းရင့်ရော်စေပါတယ်။

Bio Oil Updated IA 1

၄။  မျက်ကပ်မှန်တပ်ခြင်း
မျက်ကပ်မှန်တပ်တာကြောင့်နဲ့တော့ အသားအရေကို မအိုမင်းစေပေမယ့် မျက်လုံးထဲထည့်တာ၊ ထုတ်တာ မမှန်ရင် မျက်လုံးနားတစ်ဝိုက်က အရေပြားပါးလို့ အချိန်ကြာလာတဲ့အခါ အရေးကြောင်းတွေ ဖြစ်လာနိုင်ပါတယ်။

၅။  ကားမောင်းခြင်း
ကားထဲမှာပဲနေလို့ ခရမ်းလွန်ရောင်ခြည်မထိဘူးလို့ မထင်ပါနဲ့။ အသားအရေကို အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့ UV-A က မှန်ကိုဖောက်နိုင်လို့ ကားထဲမှာပဲနေပေမယ့် နေရောင်ကာလိမ်းဆေး လိမ်းသင့်ပါတယ်။ အထူးသဖြင့် ကားမှန်ဘက်အခြမ်းက လက်ကို အဓိကထားပြီး လိမ်းပေးသင့်ပါတယ်။

၆။  အပူချိန်မြင့်မြင့်နဲ့ ထိတွေ့ခြင်း
အေးတဲ့နိုင်ငံမှာဆိုရင် အိမ်ထဲ၊ ကားထဲမှာ Heater ဖွင့်ပြီး နေတတ်ကြသလိုပဲ ဒီနိုင်ငံမှာတော့ ရာသီဥတုအေးတဲ့အခါ မီးလှုံတာနဲ့ သာဓကပြလို့ ရပါတယ်။ အပူနဲ့ထိတွေ့ရင် အရေပြားရောင်ရမ်းတတ်ပြီး အချိန်ကြာလာတာနဲ့အမျှ အသားအရေ အိုမင်းရင့်ရော်လာနိုင်ပါတယ်။

၇။  ရေသောက်နည်းခြင်း
ရေများများသောက်တာဟာ ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ပေးရုံသာမက အသားအရေကိုလည်း ကြည်လင်လှပစေပါတယ်။ ရေသောက်နည်းတဲ့အခါ အသားအရေက ခြောက်သွေ့ပြီးတော့ ကြမ်းတမ်းလာမှာပါ။

Bio Oil Updated IA 2

၈။ အငန်ကဲလွန်းသော အစားအသောက်များ အစားများခြင်း
ဆားပါဝင်မှုများတဲ့ အစားအသောက်တွေဟာ ရေဓာတ်ခန်းခြောက်စေပြီး အရေပြားရဲ့အစိုဓာတ်ကို လျော့နည်းစေပါတယ်။ ဒါကြောင့် အငန်လျှော့စားတာ၊ အငန်စားမိရင်လည်း ရေများများသောက်ပေးတာ၊ အရေပြားကို ရေဓာတ်ဖြည့်ပေးဖို့ Moisturizer သုံးတာမျိုးကို လုပ်ပေးသင့်ပါတယ်။

၉။  မျက်နှာကိုဖိအိပ်ခြင်း
ညအိပ်တဲ့အခါ ခေါင်းအုံးနဲ့မျက်နှာအပ်ပြီး မှောက်ခုံအိပ်တာ၊ အလုပ်စားပွဲပေါ် လက်တင်ပြီး မှောက်အိပ်တာတွေက အရေးကြောင်းတွေကို ဖြစ်စေပါတယ်။

၁၀။  ကော်ဖီအလွန်အကျွံသောက်ခြင်း
ကဖင်းဓာတ်ဟာ ရေဓာတ်ခန်းခြောက်စေသလို အရေးကြောင်းတွေကိုလည်း ဖြစ်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို ကော်ဖီနှစ်ခွက်ထက် ပိုမသောက်ဖို့ ဆင်ခြင်သင့်ပါတယ်။

ဖော်ပြပေးခဲ့တဲ့ အသားအရေ အိုမင်းရင့်ရော်စေတဲ့ အပြုအမူတွေကို မိမိတို့တွေရော ပြုလုပ်နေမိကြပြီလား။ ဒါဆိုရင်တော့ ဒီနေ့ကစပြီး ဆင်ခြင်လိုက်ကြရအောင်။ ဒီအပြုအမူတွေကိုလည်း သတိထားဆင်ခြင်မယ်၊ တစ်ဖက်ကလည်း သဘာဝအဆီအနှစ်တွေကနေ ထုတ်လုပ်ထားတဲ့ Bio-Oil အသားအရေ ထိန်းသိမ်းမှုအဆီကို ပုံမှန်သုံးစွဲမယ်ဆိုရင် အရွယ်မတိုင်ခင် အသားအရေ အိုမင်းရင့်ရော်ခြင်း ကင်းဝေးအောင် ကာကွယ်ပေးနိုင်မှာပါနော်။

Dr. Aye Hsu Mon (www.drmyanmar.com)