အစားအသောက်ဓာတ်မတည့်လို့ ကလေးတွေမှာ ဒီလိုလက္ခဏာတွေ ကြုံတွေ့နေရပြီလား?
အစားအသောက်နဲ့ ဓာတ်မတည့်တာဟာ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ရပ်ပါ။ ဒီလိုဓာတ်မတည့်တဲ့အခါ ကလေးတွေမှာ ဗိုက်အောင့်တာ၊ ဗိုက်ရစ်ရစ်ပြီးနာတာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ လေနာထတာ၊ ပျို့တာ၊ အန်တာ အစရှိတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
မေမေတို့ရဲ့ သားသားမီးမီးလေးတွေရော အခုပြောထားတဲ့ လက္ခဏာလေးတွေထဲက တချို့ကို ခံစားနေရတာမျိုးတွေရှိကြလား?
ဒီလိုလက္ခဏာတွေဟာ အစားအသောက်ထဲမှာပါတဲ့ ဓာတ်တစ်မျိုးမျိုးနဲ့ မတည့်တာကြောင့်လည်း ဖြစ်နိုင်သလို တခြားပြင်းထန်တဲ့ ဝမ်းဗိုက်ပြဿနာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲဆိုတာ ပြောဖို့ခက်လို့ မေမေတို့အနေနဲ့လည်း စိတ်ညစ်မှာ အသေအချာပါပဲ။
>> ကလေးတွေမှာ တွေ့ရများတဲ့ အစားအသောက်နဲ့ဓာတ်မတည့်ခြင်းများ
● နွားနို့နဲ့ ဓာတ်မတည့်ခြင်း
● ဂလူတန်နဲ့ ဓာတ်မတည့်ခြင်း
● ကြက်ဥနဲ့ ဓာတ်မတည့်ခြင်း
စတာတွေဟာ ကလေးတွေမှာ တွေ့ရများတဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။
Similac Total Comfort IA 1

နွားနို့နဲ့ ဓာတ်မတည့်ရတာကတော့ နွားနို့မှာပါတဲ့ လက်တို့စ်နို့သကြားနဲ့ Casein ပရိုတင်းကြောင့်ပါ။ Lactose Intolerance လို့ခေါ်တဲ့ လက်တို့စ်နို့သကြားကို မချေဖျက်နိုင်တဲ့အခါ ဗိုက်အောင့်တာ၊ လေနာထတာ၊ ဝမ်းလျှောတာတွေကို ခံစားရလေ့ရှိပါတယ်။ Casein Intolerance လို့ခေါ်တဲ့ Casein ပရိုတင်းကို မချေဖျက်နိုင်တဲ့အခါ လေနာထတာ၊ ဗိုက်အောင့်တာ၊ ပျို့တာ၊ ဝမ်းလျှောတာအပြင် အရေပြားပြဿနာတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေပါ ခံစားရနိုင်ပါတယ်။
ဂလူတန်ဆိုတာ ဂျုံ၊ ဘာလီ စတဲ့ နှံစားသီးနှံတွေမှာပါဝင်တဲ့ ပရိုတင်းတစ်မျိုးပါ။ ဂလူတန်ပရိုတင်းကို ကိုယ်ခန္ဓာက မခြေဖျက်နိုင်တဲ့အခါ လေနာထခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်း (သို့) ဝမ်းချုပ်ခြင်း၊ အဆစ်နာခြင်း၊ သွေးအားနည်းခြင်း စတဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
ကြက်ဥအနှစ် ဒါမှမဟုတ် အကာနဲ့ ဓာတ်မတည့်ရင်တော့ လေနာထတာ၊ ဗိုက်အောင့်တာတွေအပြင် အရေပြားနီရဲယားယံတာမျိုးကိုပါ ခံစားရနိုင်ပါတယ်။
အစားအသောက်နဲ့ဓာတ်မတည့်တဲ့လက္ခဏာတွေကို မေမေတို့အနေနဲ့ သိကိုသိထားသင့်ပါတယ်နော်။ အဖြစ်နည်းပေမယ့် ဖော်ပြထားတဲ့လက္ခဏာတွေ အရမ်းပြင်းထန်လာရင် Anaphylaxis လို့ခေါ်တဲ့ သွေးမတည့်လို့ဖြစ်တဲ့သွေးလန့်ခြင်း ဖြစ်နိုင်ပြီး ကလေးအတွက် အသက်အန္တရာယ်ရှိနိုင်လို့ပါ။
>> ဝမ်းဗိုက်ပြဿနာအဖြေရှာဖို့ ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်သလဲ?
သားသားမီးမီးလေးတွေ ဝမ်းဗိုက်ပြဿနာတွေ ခံစားရတဲ့အခါ မေမေတို့အနေနဲ့ အစားအသောက်ကြောင့်လား၊ ရောဂါအခြေအနေ တစ်ခုခုကြောင့်လားဆိုတာ ခွဲခြားသိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ အစားအသောက်ကြောင့်လို့ ထင်ရင်တောင် မေမေတို့ဟာ ပါဝင်ပစ္စည်းတစ်မျိုးမျိုးကို မချေဖျက်နိုင်လို့ဖြစ်တဲ့ ဓာတ်မတည့်တာ (intolerance) နဲ့ ဒီအစားအသောက်နဲ့ လုံးဝဓာတ်မတည့်တာ (food allergy) ကို ကွဲကွဲပြားပြားသိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ ရောဂါအမည်တပ်တာထက်စာရင် တက်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်တာက ပိုကောင်းပါလိမ့်မယ်။ ဒါ့အပြင် ခံစားနေရတဲ့ ရောဂါလက္ခဏာတွေဟာ ကလေးအတွက် သက်သောင့်သက်သာမရှိဘူးဆိုရင်လည်း ဝေဒနာကို သက်သာစေဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်နော်။
Similac Total Comfort IA 2

>> နွားနို့မှာပါတဲ့ လက်တို့စ်နို့သကြားကို မချေဖျက်နိုင်လို့ဖြစ်ရတဲ့ ဝမ်းဗိုက်ပြဿနာတွေ ပြေလည်အောင် ဘယ်လိုဖြေရှင်းကြမလဲ?
နွားနို့ဟာ ကလေးတွေအတွက် အကောင်းဆုံး အာဟာရရင်းမြစ်တစ်ခုထဲမှာ အပါအဝင်ဖြစ်တယ်ဆိုပေမယ့် နွားနို့မှာပါတဲ့ လက်တို့စ်နို့သကြားကို ခန္ဓာကိုယ်က မခြေဖျက်နိုင်ရင် ဝမ်းဗိုက်ပြဿနာတွေဖြစ်တတ်တာမို့လို့ ကလေးတွေအတွက် မှန်ကန်တဲ့ဖော်မြူလာနို့တွေကို ရွေးချယ်တိုက်ကျွေးပေးဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် မေမေတို့ ဖော်မြူလာနို့တွေ ရွေးချယ်ရာမှာ အထောက်အကူရစေဖို့၊ ပျော်ရွှင်တဲ့ဝမ်းဗိုက်လေး ရရှိစေနိုင်ရန် ကူညီပေးနိုင်တဲ့ ပစ္စည်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။
● Nucleotides ပါဝင်တဲ့ ဖော်မြူလာနို့တွေက အူလမ်းကြောင်းအကျိုးပြုပိုးမွှားတွေ၊ ကိုယ်ခံအားစနစ်၊ ကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ ကောင်းကျိုးရှိပြီး ဝမ်းလျှောတာကိုလည်း သက်သာစေပါတယ်။
● စားအုန်းဆီမပါဝင်တဲ့ ဖော်မြူလာနို့တွေက ဝမ်းမာပြီး ဝမ်းချုပ်တာကို သက်သာစေနိုင်ပါတယ်။
● လက်တို့စ်နို့သကြား မပါဝင်တဲ့ ဖော်မြူလာနို့တွေက လက်တို့စ်နဲ့မတည့်လို့ဖြစ်တဲ့ ဝမ်းလျှောတာ၊ ဗိုက်အောင့်တာ၊ လေထတာတွေကို သက်သာစေနိုင်ပါတယ်။
● တစ်စိတ်တစ်ပိုင်းဖြိုခွင်းထားတဲ့ 100% နို့ဓမ်းရည်မှ ရရှိတဲ့ Whey ပရိုတင်းပါဝင်တဲ့ ဖော်မြူလာနို့တွေက အစာချေဖျက်ရ လွယ်ကူစေနိုင်ပါတယ်။
● 2’fucosyllactose (2’FL) ပရီဘိုင်အိုတစ်ပါဝင်တဲ့ ဖော်မြူလာနို့တွေက ဓာတ်မတည့်ခြင်းဖြစ်နိုင်ချေကို လျော့နည်းစေနိုင်ပါတယ်။
ဒီလိုမျိုး ပါဝင်ပစ္စည်းတွေကိုသာ သေချာကြည့်ပြီး ရွေးချယ်မယ်ဆိုရင် မေမေတို့ရဲ့ သားသားမီးမီးလေးတွေဟာ ဝမ်းဗိုက်ပြဿနာတွေ ကင်းဝေးမှာ အသေအချာပါပဲနော်။
Dr. Aye Hsu Mon (www.drmyanmar.com)






























