ကလေးများနှင့် လေပြွန်ရောင်ရမ်းခြင်း
လေပြွန်ရောင်တယ်ဆိုတာ အဆုတ်ထဲမှာရှိတဲ့ လေပြွန်ကြီးတွေ ရောင်ရမ်းပြီးတော့ အချွဲတွေပိုထုတ်တဲ့ ရောဂါတစ်မျိုးပါ။ လေပြွန်ရောင်ရမ်းတာကြောင့် အသက်ရှူလမ်းကြောင်းဟာ ကျဉ်းနေရတဲ့အထဲ အချွဲတွေပါ လာစုတော့ ပိုကျဉ်းပြီး အသက်ရှူရခက်တာ၊ ချောင်းဆိုးတာ စတဲ့ လက္ခဏာတွေကို အများဆုံး ခံစားရနိုင်ပါတယ်။
>> လေပြွန်ရောင်ခြင်းအမျိုးအစားများ
ကာလတိုလေပြွန်ရောင်ခြင်းနဲ့ ကာလရှည်လေပြွန်ရောင်ခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ကလေးတွေမှာ အဖြစ်များတာကတော့ ကာလတိုလေပြွန်ရောင်ခြင်းပါ။ ဗိုင်းရပ်စ်ပိုးကြောင့် အဓိကဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ်ကြာရင် သက်သာသွားလေ့ရှိပါတယ်။ ကာလရှည်လေပြွန်ရောင်ခြင်းကတော့ ဖြစ်တာရှားပြီး တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်မိလို့ ဖြစ်ရတာများပါတယ်။
Atussin Kids 1

>> လေပြွန်ရောင်ခြင်းရဲ့ ရောဂါလက္ခဏာများ
လေပြွန်ရောင်တဲ့အခါ -
● ချောင်းစိုဆိုးခြင်း
● အဖြူပျစ်ပျစ် (သို့) အဝါရောင် (သို့) အစိမ်းရောင်သလိပ်ထွက်ခြင်း
● အသက်ရှူတဲ့အခါ တရွှီရွှီမြည်ခြင်း
● ရင်ဘတ်အောင့်ခြင်း
● ခေါင်းကိုက်ခြင်း
● ဖျားခြင်း၊ ချမ်းတုန်ခြင်း စတဲ့လက္ခဏာတွေကို ခံစားရပြီး
>> ကာလရှည်လေပြွန်ရောင်ရင်တော့ -
● အသက်ရှူလမ်းကြောင်းရောဂါပိုးတွေ ကူးစက်ခံရရင် သက်သာဖို့အချိန်ဟာ ပုံမှန်ထက်ပိုကြာခြင်း
● ချောင်းဆိုးတာ၊ မောတာ၊ အသက်ရှူတိုင်း တရွှီရွှီမြည်တာဟာ နေ့တိုင်းလိုလို ဖြစ်နေခြင်း
● အသက်ရှူရတာ ပိုပိုပြီးခက်ခဲလာခြင်း
စတာတွေကို ခံစားရနိုင်ပါတယ်။
Atussin Kids 2

>> လေပြွန်ရောင်ခြင်းကို ဘယ်လိုကုသရမလဲ?
ဗိုင်းရပ်စ်ပိုးကြောင့်အဖြစ်များလို့ ရောဂါလက္ခဏာတွေ သက်သာအောင်လုပ်ပေးဖို့က အဓိကကျပါတယ်။
● ကလေးကို အရည်များများဝင်အောင် တိုက်ပေးပါ။
● ကောင်းကောင်းအနားယူစေပါ။
● လိုအပ်ပါက ဆရာဝန်နဲ့တိုင်ပင်ပြီး ညွှန်ကြားတဲ့အတိုင်း ကုသမှုခံယူပေးပါ။
>> လေပြွန်ရောင်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ?
● အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးတွေကြောင့်ဖြစ်လို့ မကြာခဏလက်ဆေးခြင်းဖြင့် အထိုက်အလျောက် ကာကွယ်ပေးနိုင်ပါတယ်။
● ကာလရှည်လေပြွန်ရောင်ခြင်းမဖြစ်အောင် ကလေးနားမှာ ဆေးလိပ်သောက်တာကို ရှောင်ကြဉ်ပေးပါ။
Dr. Aye Hsu Mon (www.drmyanmar.com)






























