/
node/11138

ကလေးတွေအတွက် သင့်တင့်မျှတတဲ့အာဟာရ ရရှိစေဖို့ ...

Category
ကလေးများနှင့်ကျန်းမာရေး

ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရမျှတတဲ့ စားသောက်မှုဟာ ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုံလင်စွာပါဝင်အောင် စားသောက်ရင် အာဟာရမျှတတဲ့ စားသောက်မှုပုံစံရှိတယ်လို့ သတ်မှတ်ကြပါတယ်။

>> ကလေးတွေအနေနဲ့ သင့်တင့်မျှတတဲ့အာဟာရ ရရှိဖို့ ဘာကြောင့်အရေးကြီးရတာလဲ?

ကြီးထွားဖွံ့ဖြိုးတဲ့အရွယ် ကလေးတွေမှာ အာဟာရလိုအပ်ချက်များပေမယ့် ကလေးအများစုဟာ အစားရွေးတတ်ကြတာကြောင့် အစားအသောက်ကနေရရှိတဲ့ အာဟာရတန်ဖိုးကတော့ လိုအပ်ချက်ထက်စာရင် နည်းနေတတ်ပါတယ်။

သူတို့အတွက် လိုအပ်တဲ့အာဟာရကိုသာ လုံလုံလောက်လောက်မရခဲ့ရင် လေ့လာသင်ယူနိုင်စွမ်း ထိခိုက်ခြင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးခြင်း၊ ကိုယ်ခံအားနည်းပြီး ရောဂါဖြစ်လွယ်ခြင်း စတဲ့ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအနေနဲ့ သင့်တင့်မျှတတဲ့ အာဟာရကိုရရှိဖို့ အရေးကြီးရတာပဲ ဖြစ်ပါတယ်။

>> ကြီးထွားဖွံ့ဖြိုးတဲ့အရွယ် ကလေးတွေမှာ ဘယ်လိုအာဟာရဓာတ်တွေ ချို့တဲ့နိုင်သလဲ?

လေ့လာမှုတွေအရ ကလေးတွေဟာ ကြီးထွားနေတဲ့အရွယ်မှာ Micronutrients တွေ ချို့တဲ့တာကို တွေ့ရပါတယ်။ Micronutrients ဆိုတာ ခန္ဓာကိုယ်ကနေ ပမာဏနည်းနည်းပဲ လိုအပ်တဲ့ အာဟာရဓာတ်တွေကို ခေါ်တာပါ။ ပမာဏနည်းနည်းသာ လိုအပ်ပေမယ့် ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေအတွက်တော့ မရှိမဖြစ်မလို့ လိုအပ်တဲ့ပမာဏကို မဖြည့်ပေးနိုင်တာနဲ့ ချို့တဲ့မှုဖြစ်ပြီး မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

ကလေးတွေမှာ အတွေ့ရများတဲ့ Micronutrients ချို့တဲ့မှုတွေက ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဖောလစ်အက်စစ်၊ အိုင်အိုဒင်း၊ သံဓာတ်နဲ့ ဇင့်ဓာတ်တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Macronutrients ဆိုတဲ့ ပမာဏများများလိုအပ်တဲ့ အာဟာရဓာတ်တွေထဲမှာတော့ အိုမီဂါသရီးဖက်တီးအက်စစ် (DHA) ဆိုတဲ့ အဆီဓာတ်တစ်မျိုးနဲ့ အမျှင်ဓာတ်တွေလည်း ချို့တဲ့နိုင်ပါသေးတယ်။

Dugro November IA 1

>> ကလေးတွေမှာ ဘာကြောင့် ဒီအာဟာရဓာတ်တွေ ချို့တဲ့ရတာလဲ?
များသောအားဖြင့် ကလေးတွေဟာ အစားချေးများတဲ့သူလေးတွေ ဖြစ်ကြပါတယ်။ သူတို့ကြိုက်တဲ့ အစားအသောက်တွေကိုပဲစားပြီး မကြိုက်တာကို လုံးဝမစားကြတဲ့အခါ အာဟာရမပြည့်ဝတာမျိုး ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ကလေးဆိုတာ အသင့်စား အစားအသောက်တွေကို ကြိုက်နှစ်သက်လေ့ရှိပါတယ်။ အသင့်စားအစားအသောက်တွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီနဲ့ သကြားဓာတ်တွေသာ ပါဝင်ပြီး အာဟာရတန်ဖိုးကတော့ မရှိသလောက်နည်းပါးလို့ ဒါတွေကိုပဲ စားနေမယ်ဆိုရင် တဖြည်းဖြည်း အာဟာရချို့တဲ့လာပြီး ကျန်းမာရေး ချို့ယွင်းလာနိုင်ပါတယ်။

နောက်ပြီးတော့ အာရှတိုက်သားကလေးတွေမှာ အာဟာရဓာတ်ချို့တဲ့တာ ပိုပြီးအဖြစ်များတာကို တွေ့ရပါတယ်။ အာရှတိုက်သားတွေရဲ့ စားသောက်ပုံအရ အသားနဲ့ အာဟာရဓာတ်ဖြည့်စွက်ထားတဲ့ အစားအသောက်တွေကို သိပ်စားလေ့မရှိကြပါဘူး။ ဒါကြောင့် ကလေးတွေမှာ သံဓာတ်၊ ဇင့်ဓာတ်နဲ့ တခြားသော လိုအပ်တဲ့အာဟာရဓာတ်တွေ ချို့တဲ့လာနိုင်ပါတယ်။

>>  ကလေးတွေ သင့်တင့်မျှတတဲ့အာဟာရ ရရှိအောင် ဘယ်လိုလုပ်ကြမလဲ?

မျှတတဲ့အာဟာရ ရရှိအောင် ကလေးကို ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ စုံလင်အောင် ကျွေးပေးဖို့လိုအပ်ပါတယ်။ ဒီလိုအာဟာရဓာတ်တွေကို အသားအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်း၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ အစေ့အဆံတွေကနေ ရရှိနိုင်ပါတယ်။

ကိုယ့်ကလေးမှာ အာဟာရလိုအပ်ချက်တွေ မရှိအောင် စိတ်ချချင်တယ်ဆိုရင် ကလေးအသက်အရွယ်အလိုက် အာဟာရလိုအပ်ချက်အတိုင်း ဖော်စပ်ထုတ်လုပ်ထားတဲ့ ဖွံဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေက ကူညီပေးနိုင်ပါတယ်။ ဖွံဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) မှာဆိုရင်
●  ကလေးတွေအတွက် လုံးဝကို လိုအပ်တဲ့ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ သံဓာတ်၊ ဇင့်ဓာတ်၊ အိုင်အိုဒင်း စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ
●  အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုတဲ့ အမျှင်ဓာတ်တွေ
●  ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ DHA အစရှိတဲ့ အာဟာရဓာတ်တွေ ဖြည့်စွက်ပါဝင်ပါတယ်။

Dugro November IA 2

ဖွံဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) ဟာဆိုရင် ကလေးတွေရဲ့ အာဟာရလိုအပ်ချက်အတိုင်း ဖော်စပ်ထားတာဖြစ်လို့
●  သင့်တင့်မျှတတဲ့အာဟာရကို လက်ရှိမှာသာမက ရေရှည်အတွက်ပါ ထောက်ပံ့ပေးနိုင်ခြင်း
●  သံဓာတ်ချို့တဲ့မှုနဲ့ သွေးအားနည်းခြင်းကို ကာကွယ်ပေးခြင်း
●  ကျန်းမာသောအစာခြေစနစ်ကို ကူညီထောက်ပံ့ပေးနိုင်ခြင်း
အစရှိတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

ဒါကြောင့် သားသားမီးမီးလေးတွေကို သင့်တင့်မျှတတဲ့အာဟာရ ရရှိစေဖို့အတွက် အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတွေနဲ့အတူ ဖွံဖြိုးစကလေး ဖော်စပ်စာ ဖော်မြူလာနို့ (Growing Up Milk) တွေကို အသက်နှစ်နှစ်ကနေ ကိုးနှစ်အထိ ဂရုတစိုက် တိုက်ကျွေးပေးသင့်ပါတယ်။

Dr. Aye Hsu Mon (www.drmyanmar.com)