/
node/11282

တစ်ကိုယ်တော်သမားတွေရဲ့ ကျန်းမာရေးကောင်းကျိုးများ

Category
အမျိုးသားများနှင့်ကျန်းမာရေး

တစ်ကိုယ်ရည်အာသာဖြေတာကို တစ်ချို့တွေက လက်ခံကြပေမယ့် ဆန့်ကျင်သူတွေလည်း ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ ရွေးချယ်မှုတစ်ခုဖြစ်လို့ လုပ်မယ်၊ မလုပ်ဘူးဆိုတာ ကိုယ့်သဘောပါပဲ။ ပုံမှန်လုပ်မယ်ဆိုရင်တော့ လိင်စိတ်သာယာမှုအပြင် တခြားကောင်းကျိုးတွေကိုပါ ရလာနိုင်ပါတယ်။ ဒါဆို တစ်ကိုယ်ရည်အာသာ​ဖြေခြင်းရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ ကြည့်လိုက်ရအောင်နော်။

Oligocare IA 1

●     ဘယ်လိုအနေအထားက ကိုယ့်အတွက် အဆင်ပြေသလဲဆိုတာ သိလာမယ်။

●     တစ်ကိုယ်ရည်လေ့ကျင့်ထားတော့ တကယ်အတူနေတဲ့အခါ ပါတနာအတွက် လိင်ဆက်ဆံဖော်ကောင်းတစ်ယောက် ဖြစ်လာမယ်။

●     သုတ်လွှတ်စောခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

●     စိတ်ဓာတ်ကျတာ၊ စိုးရိမ်ပူပန်တာတွေနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးတယ်။

●     ကိုယ်ခံအားစနစ်ကို ကျန်းမာစေတယ်။

●     ကယ်လိုရီအနည်းငယ်ကို လောင်ကျွမ်းစေပြီးတော့ သွေးပေါင်ချိန်နဲ့ အသက်ရှူခြင်းကို ထိန်းညှိပေးတယ်။

●     ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေတယ်။

●     နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်။

Oligocare IA 2

ကဲ…ဒါဆိုရင်တော့ တစ်ကိုယ်ရည်အာသာဖြေခြင်းရဲ့ ကောင်းကျိုးတွေကို သိသွားကြပြီ ထင်ပါတယ်။ ကောင်းတယ်ဆိုတိုင်းလည်း အလွန်အကျွံတော့ မဖြစ်စေနဲ့ပေါ့။ တန်ဆေးလွန်ဘေးဆိုသလိုပဲ အရမ်းများလာရင် ဆိုးကျိုးလေးတွေရှိတတ်လို့ ချင့်ချိန်ကြဖို့ အကြံပြုချင်ပါတယ်နော်။

www.drmyanmar.com