ကိုယ်ဝန်ဆောင်ချိန် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန်
ကိုယ်၀န်ဆောင်ချိန်မှာ ပင်ပန်းနွမ်းနယ်တာဟာ ကြီးထွားလာတဲ့ သန္ဓေသားက စွမ်းအင်သုံးစွဲနေတာကြောင့် ဖြစ်နိုင်သလို သွေးအားနည်းခြင်းကို ဖော်ပြတာလည်းဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကိုယ်၀န်ဆောင်ချိန်မှာ ပင်ပန်းနွမ်းနယ်မှုကိုသက်သာစေရန် -
- အသား၊ ငါးနဲ့ သံဓါတ်ကြွယ်၀တဲ့ အစားအစာများကိုစားသုံးပါ။
- အနားယူပါ။
- ရေများများသောက်ပါ။
- ပြင်းထန်တဲ့အလုပ်များကိုရှောင်ရှားပါ။
- သင့်တင့်တဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ စိမ်းစိုတဲ့ ပန်းခြံထဲလမ်းလျှောက်တာမျိုးလုပ်ပါ။
- စိတ်ဖိစီးမှု မရှိအောင် နေပါ။
- အိပ်ရေး၀အောင်အိပ်ပါ။ ညစဉ် အိပ်ချိန် 7 နာရီမှ 9 နာရီ ပြည့်အောင်ထားရှိပါ။
နေ့လည်နေ့ခင်း တရေးတမောအိပ်ပါ။ အိပ်စက်ရာမှာလည်း သက်တောင့်သက်သာ ရှိစေရန် ဘေးတစောင်းအိပ်ချိန်မှာ ခြေထောက် 2 ဖက်ကြားမှာ ခွခေါင်းအုံးညှပ်အိပ်ပါ။ ၀မ်းဗိုက်အောက်မှာလည်း ခေါင်းအုံးထားပြီးအိပ်ပေးပါ။ (အခုဆိုရင် ကိုယ်၀န်ဆောင်ခွခေါင်းအုံးတွေကို Online Store ဆိုင်တွေကနေ အလွယ်တကူမှာယူနိုင်ပါတယ်။)
Dr. Htet Htet Aung (www.drmyanmar.com)






























