/
node/11396

အသက်အရွယ်ရလာသော အမျိုးသားများတွင် မျိုးအောင်နိုင်စွမ်းကျဆင်းနိုင်ခြေရှိ

Category
အမျိုးသားများနှင့်ကျန်းမာရေး

        အမျိုးသမီးတွေဟာအသက်ကြီးလာလျှင် ကလေးရနိုင်ခြေအခွင့်အလမ်း နည်းသွားသကဲ့သို့ အမျိုးသားတွေအနေနဲ့လည်း အသက်ကြီးလာလေ မျိုးအောင်နိုင်စွမ်းကျဆင်းလေဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသားတစ်ဦးမှာ သုတ်ကောင်ပေါင်း 252 သန်းရှိပြီး အသက်ကြီးလာတာနဲ့အမျှ သုတ်ကောင်အရေအတွက် ကျဆင်းလာကာ မမျိုးဥတည်ရှိရာသို့ သုတ်ကောင်သွားလာနိုင်စွမ်းနည်းသွားပါတယ်။

        အမျိုးသားများဟာ အသက်ကြီးလာလေ ဖခင်ဖြစ်နိုင်ခြေနည်းလေဖြစ်ပြီး မွေးလာသောကလေးမှာလည်း ကျန်းမာသန်စွမ်းသူတစ်ယောက်ဖြစ်နိုင်ခြေ နည်းသွားပါတယ်။

        ယခင်ကအသက်ကြီးသော အမျိုးသမီးများမှာ Down syndrome လက္ခဏာပါ ကလေးများမွေးဖွားကြောင်း သိရှိခဲ့ရာမှ ယခုအခါ အသက်ကြီးသူအမျိုးသားများတွင်လည်း ထိုသို့သောကလေးများ မွေးဖွားနိုင်ကြောင်း တွေ့ရှိလာပါတယ်။ မိဘနှစ်ဦးလုံးအသက် 35 နှစ်ကျော်ပါက ဖခင်အသက်ကြီးလေ Down Syndrome လက္ခဏာပါ ကလေးမွေးနိုင်ခြေ ပိုများကြောင်းတွေ့ရှိလာပါတယ်။

        ထို့ပြင်အသက်ကြီးသူ အမျိုးသားအိမ်ထောင်သည်များမှ မွေးဖွားလာသောကလေးများမှာ စိတ်ကစဉ့်ကလျားရောဂါဖြစ်နိုင်ခြေမြင့်မားပါတယ်။ အသက် 45-49 နှစ်အရွယ်ရှိ အမျိုးသားများမှမွေးသော ကလေးများဟာ အသက် 25 နှစ်အောက် ယောက်ျားလေးများမှာ မွေးသောကလေးများထက် စိတ်ကစဉ့်ကလျားရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။ အသက် 50 ကျော် အမျိုးသားအိမ်ထောင်သည် များမှ မွေးလာတဲ့ကလေးများမှာ အဆိုပါရောဂါဖြစ်နိုင်ခြေသုံးဆပိုများပါတယ်။

 

Mg HlaingThwin (www.drmyanmar.com)