/
node/11430

ဖျားနာလွယ်တဲ့ကာလမှာ လူကြီးမိဘတွေ ကိုယ်ခံအားကောင်းမွန်စေဖို့

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

အသက်ကြီးလာတဲ့အခါ ကိုယ်ခံအားစနစ် ပျက်စီးယိုယွင်းလာလို့ ရောဂါပိုးတွေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးကူးစက်ခံရရင်လည်း အမြန်မသက်သာတော့ဘဲ ရောဂါပြင်းထန်တာ၊ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရတာမျိုး ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အခုလို ရောဂါဘယတွေ ထူပြောလှတဲ့ရာသီမှာ ဘိုးဘိုးဘွားဘွား၊ ဖေဖေမေမေတို့အတွက် ကိုယ်ခံအားကောင်းစေဖို့ နည်းလမ်းလေးတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

Immunace 1

● လက်ကို ဆပ်ပြာနဲ့ရေအသုံးပြုပြီး စက္ကန့် ၂၀ ကြာအောင် လက်ဆေးပါ။
● ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပါ။
● အဆီနည်းပြီး ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသောက်ပေးပါ။
● တစ်ပတ်ကို မိနစ် (၁၅၀) ခန့် ကိုယ်လက်လှုပ်ရှားပေးပါ။
● ယောဂ၊ ထိုက်ချိ၊ အသက်ရှူလေ့ကျင့်ခန်းများ လုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချပေးပါ။
● အပေါင်းအသင်းမိတ်ဆွေတွေ၊ သားသမီးတွေ၊ မြေးလေးတွေနဲ့ လူချင်းတွေ့၍ဖြစ်စေ၊ စာပို့၍ဖြစ်စေ၊ ဖုန်ခေါ်၍ဖြစ်စေ အမြဲမပြတ် ဆက်သွယ်နေပါ။
● ညဘက်အိပ်မပျော်တာဟာ အသက်ကြီးသူတွေမှာ အဖြစ်များလေ့ရှိလို့ အိပ်ရေးဝဝအိပ်စက်နိုင်အောင် ကြိုးစားပေးပါ။
● တစ်နေ့ကို ရေဖန်ခွက် ရှစ်ခွက်မှ ကိုးခွက်အထိ သောက်ပေးပါ။
● အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဥ်ပါ။
● ဆေးလိပ်သောက်တတ်သူများ ဆေးလိပ်ဖြတ်ပါ။

Immunace 2

ဒီနည်းလမ်းတွေကိုသာ ပုံမှန်လေးလုပ်ပေးမယ်ဆိုရင် ကိုယ်ခံစွမ်းအားကောင်းမွန်ပြီး ရောဂါပိုးတွေကို အလွယ်တကူ တိုက်ထုတ်နိုင်မှာ အသေအချာပါပဲ။ ဒါ့အပြင် လိုအပ်ခဲ့ရင် ဗီတာမင်နဲ့သတ္တုဓာတ် ဖြည့်စွက်အားဆေးတွေကို မှီဝဲပေးကြဖို့လည်း မမေ့ကြပါနဲ့နော်။

 www.drmyanmar.com