ကလေးတွေ မကြာခဏဖျားနာခြင်း ကင်းဝေးစေဖို့ နည်းလမ်းကောင်းများ
ကလေးငယ်လေးတွေမှာ မကြာခဏဖျားနာတာဟာ ပုံမှန်ပါပဲ။ ဘာဖြစ်လို့ဆို သူတို့ရဲ့ ကိုယ်ခံအားစနစ်ဟာ ဖွံဖြိုးဆဲအခြေအနေမှာပဲ ရှိနေသေးလို့ပါ။ မူကြိုအရွယ်မတိုင်ခင် ကလေးလေးတွေဟာ တစ်နှစ်ကို ၈-၁၂ ကြိမ်လောက် ဖျားနာနိုင်ပြီးတော့၊ ကျောင်းနေအရွယ်ကလေးတွေကတော့ တစ်နှစ်ကို ၅-၆ ကြိမ်လောက် ဖျားနာနိုင်ပါတယ်။ ဒါဟာပုံမှန်ဆိုပေမယ့် တတ်နိုင်သလောက်တော့ ဖျားနာတဲ့အကြိမ်ရေကို လျှော့ချပေးတာ အကောင်းဆုံးပါပဲ။
Ceelin Plus 1

ဒါကြောင့် သားသားမီးမီးတို့တွေ ခဏခဏ မဖျားအောင်လို့ ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။ မေမေတို့အနေနဲ့ ကလေးတွေကို ဖျားနာခြင်း ကင်းဝေးစေချင်တယ်ဆိုရင်တော့…
♦ လက်ကို ဘယ်လိုဆေးရမလဲဆိုတာ သင်ပေးပါ။ မကြာခဏ လက်ဆေးတတ်အောင်လည်း လေကျင့်ပေးပါ။
♦ ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဥ် ထိုးပေးပါ။
♦ အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကျွေးပါ။
♦ သရေစာအနေနဲ့ အသီးအနှံတွေကို ကျွေးပေးပါ။
♦ ရေများများတိုက်ပါ။
♦ အိပ်စက်ချိန်ကို လုံလောက်အောင် ထားပေးပါ။
Ceelin Plus 2

ဒီလိုနည်းလမ်းလေးတွေ လုပ်ပေးလို့ရတဲ့အပြင် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ ဗီတာမင်နဲ့သတ္တုဓာတ် ဖြည့်စွက်အားဆေးတွေကိုလည်း တိုက်ပေးလို့ရပါတယ်နော်။






























