/
node/11539

Mefenamic acid သောက်တဲ့အခါ သိထားသင့်တဲ့ အချက်များ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

Mefenamic acid ဆိုတာကတော့ ဓမ္မတာကိုက်ခဲမှုတွေကို သက်သာစေတဲ့ အကိုက်အခဲပျောက်ဆေး ဖြစ်ပါတယ်။ ဓမ္မတာအတွက်သာမက ခန္ဓာကိုယ်မှာဖြစ်တဲ့ အပျော့စားကနေ အလယ်အလတ် နာကျင်မှုတွေကို သက်သာစေဖို့အတွက် သုံးစွဲလို့ရပါတယ်။ ဘယ်လောက်ကြာကြာ သောက်ရမလဲဆိုတာကတော့ ဘာရည်ရွယ်ချက်အတွက် သောက်သုံးတာလဲဆိုတဲ့အပေါ် မူတည်ပါတယ်။

Dolfenal 2025 IA 1

အကယ်၍ ကိုယ်က ဓမ္မတာကိုက်ခဲမှု သက်သာအောင် သောက်တာဆိုရင် ဆေးကို ခြောက်နာရီခြားတစ်ကြိမ် သောက်ပေးနိုင်ပါတယ်။ ၂ ရက်၊ ၃ ရက်ထက်တော့ ပိုမသောက်သင့်ပါဘူး။ ဆိုလိုတဲ့သဘောက စွဲမသောက်သင့်ဘဲ ဓမ္မတာလာလို့ ကိုက်ခဲနာကျင်တဲ့အချိန်မှာသာ သောက်သုံးပေးသင့်ပါတယ်။

Dolfenal 2025 IA 2

နောက်ထပ် သတိထားသင့်တဲ့ အချက်ကတော့ Mefenamic acid ဟာ စတီးရွိုက်မပါဝင်တဲ့ အကိုက်အခဲပျောက်ဆေး (NSAIDs) အုပ်စုဝင်ဖြစ်လို့ အစာအိမ်ထိခိုက်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် အစာအိမ်ကို မထိခိုက်အောင် အစာစားပြီးမှ သောက်သုံးဖို့၊ ဒါမှမဟုတ် နို့နဲ့တွဲသောက်ဖို့ လိုအပ်ပါတယ်။ မိမိတို့မှာ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ စားချဥ့်ပြန်ခြင်း စတဲ့ အစာအိမ်ရောဂါတွေ ဖြစ်ဖူးတယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ ဆေးကို သောက်သုံးပါ။

www.drmyanmar.com