အသက် (၅၀) ကျော် အမျိုးသားများ ဗီတာမင်နဲ့သတ္တုဓာတ် ဖြည့်စွက်အားဆေးတွေကို သောက်သုံးပေးဖို့ လိုအပ်သလား?
အမျိုးသားတွေ အသက် (၅၀) ကျော်လာတဲ့အခါ မှန်ကန်တဲ့ အာဟာရဓာတ်ကို ရရှိဖို့ အလွန်အရေးကြီးပါတယ်။ လိုအပ်တဲ့အာဟာရဓာတ်တွေကို အစားအသောက်တွေကနေတဆင့် ရရှိနိုင်ပေမယ့် အသက် (၅၀) ကျော် အမျိုးသားတွေအနေနဲ့ ဗီတာမင်နဲ့သတ္တုဓာတ် ဖြည့်စွက်အားဆေးတွေကို သောက်သုံးပေးဖို့လည်း လိုအပ်ပါတယ်နော်။
Wellman 50 Plus IA 1

>> ဘာ့ကြောင့်လဲဆိုတော့…
- အသက်ကြီးလာလေ ကိုယ်ခံအားနည်းလာလေဖြစ်လို့ အာဟာရပြည့်ဝဖို့ဆို နဂိုထက်ပိုစားသောက်ပေးဖို့ လိုအပ်ပါတယ်။
- အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်က အာဟာရစုပ်ယူနိုင်စွမ်း ကျဆင်းလာလို့ ကိုယ်စားသလောက် အာဟာရမပြည့်တာမျိုး ဖြစ်လာနိုင်ပါတယ်။
- အသက်ကြီးလာတဲ့အခါ ထသွားထလာလုပ်ဖို့ ခက်ခဲလာပြီး ထမင်းဟင်းမချက်ပြုတ်နိုင်၊ သွားဝယ်မစားနိုင်တော့တာတွေကြောင့် စားသောက်တဲ့ပမာဏ လျော့နည်းလာနိုင်ပါတယ်။
- အသက်ကြီးလာတဲ့အခါ သွားနာတာ၊ အစာမျိုချဖို့ခက်တာ၊ အစာမကြေတာ စတဲ့ပြဿနာတွေကြောင့် အစားမစားနိုင်တာ ဖြစ်လာနိုင်ပါတယ်။
- အသက်ကြီးလာတဲ့အခါ နာတာရှည်ရောဂါတွေ ဖြစ်လာတာကြောင့် မိမိတို့ရဲ့ စားသောက်မှုပုံစံအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
Wellman 50 Plus IA 2

ဒီအချက် (၅) ချက်ကြောင့် အမျိုးသားတွေ အသက် (၅၀) ကျော်လာတဲ့အခါ ဗီတာမင်နဲ့သတ္တုဓာတ် ဖြည့်စွက်အားဆေးတွေကို သောက်သုံးပေးဖို့ လိုအပ်ရတာပါ။ ဗီတာမင်နဲ့သတ္တုဓာတ် ဖြည့်စွက်အားဆေးတွေဟာ အစားအသောက်ကနေ မရနိုင်တော့တဲ့ အာဟာရကွာဟချက် (Nutrition Gap) ကို ဖြည့်ဆည်းပေးနိုင်ပါတယ်။






























