/
node/3294

အရေပြားခြောက်သွေ့၊ ယားယံစေနိုင်သော လွဲမှားသည့်လုပ်ဆောင်ချက်များ

Category
အလှအပနှင့်ကျန်းမာရေး

1. အခန်းတွင်းလေထုခြောက်သွေ့စေခြင်း

          အေးမြတဲ့ဆောင်းရာသီအချိန်အခါမျိုးမှာ အအေးဒဏ်ကို ခုခံတွန်းလှန်ဖို့အတွက် အနွေးဓာတ်ရရှိစေဖို့ ဘွိုင်လာမှ အပူပေးတဲ့စနစ်ကို အသုံးပြုလေ့ရှိကြပါတယ်။ ယင်းသို့ပြုလုပ်ခြင်းဟာ လေထုခြောက်သွေ့မှုကို ဖြစ်စေနိုင်ပါတယ်။ သင့့်အခန်းအတွင်း လေထုစိုထိုင်းမှုကင်းမဲ့ခြင်းက သင့်အရေပြားမှအစိုဓာတ်ကို ဆုံးရှုံးစေနိုင်ပါတယ်။  ဒီလိုအခြေအနေမျိုးမှာ အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးခြင်း၊ အနည်းဆုံး SPF 30 ပါ၀င်တဲ့ နေရောင်ကာခရင်မ်ကို လိမ်ပေးခြင်းဖြင့် အရေပြားခြောက်သွေ့ခြင်း၊ ယားယံခြင်းမှ ကာကွယ်နိုင်ပါတယ်။

 

2. ရေနွေးဖြင့်ရေချိုးခြင်း

          ကြက်သီးနွေးရေနဲ့ရေချိုးခြင်းဟာ ညောင်းညာမှုကိုပြေပျောက်စေနိုင်တာ၊ အေးစိမ့်နေတဲ့ရာသီမှာ အအေးဒဏ်ကို ဖြေသိမ့်နိုင်တာမှန်ပေမယ့် အပူဓာတ်မကုန်ဆုံးတဲ့ရေနွေးဆိုရင်တော့ အရေပြားမှ သဘာ၀အဆီ တွေကိုဆုံးရှုံးစေပါတယ်။ ဒါကြောင့် ၁၀ မိနစ်လောက် အအေးခံထားတဲ့ ရေနွေးနွေးလေးနဲ့ သာ ရေချိုးသင့်ပါတယ်။

 

3. Body Scrub နေ့စဉ်ပြုလုပ်ခြင်း

          နေ့စဉ် body scrub လုပ်ခြင်းဟာ အရေပြားယားယံ၊ ခြောက်သွေ့ခြင်းကို ဖြစ်စေနိုင်ပါတယ်။ တစ်ပတ်မှာ တစ်ကြိမ်သာ Scrub လုပ်သင့်ပြီး Scrub မလုပ်မီ အစိုဓာတ်ပါတဲ့ဆပ်ပြာကို အသုံးပြုသင့် ပါတယ်။

 

4. အရေပြားအစိုဓာတ်ထိန်းသိမ်းမှုမရှိခြင်း

          အလှဆီ ဒါမှမဟုတ် body lotion တွေဟာ အရေပြားကို အစိုဓာတ်ဖြည့်တင်းပေးနိုင်စွမ်း ရှိပါတယ်။ ရေချိုးပြီးပြီးခြင်း Lotion လိမ်းတာက အသားအရေကိုပိုပြီး နူးညံ့၊ ချောမွတ်စေမှာပါ။

 

5. သိုးမွှေးအကျႌ၀တ်ခြင်း

          သိုးမွှေးအကျႌကြောင့် သင့်အရေပြားကို စပ်ဖျဉ်းဖျဉ်းဖြစ်စေတဲ့အပြင် အရေပြားခြောက်သွေ့မှု ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် သိုးမွှေးအကျၤ ီကို ၀တ်ဆင်မယ်ဆိုရင် အောက်မှာ ချည်သားအကျႌလေး အရင်၀တ်ပြီးမှ အပေါ်ယံအကျႌအဖြစ်သာ ၀တ်ဆင်သင့်ပါတယ်။

 

6. နေရောင်ခြည်တိုက်ရိုက်ထိတွေ့ခြင်း

          ခရမ်းလွန်ရောင်ခြည်က အရေးအကြောင်းဖြစ်စေမှုကို အားပေးတဲ့အပြင် အရေပြားမှ အစိုဓာတ်တွေကိုလည်း ကင်းမဲ့စေပါတယ်။ SPF 30 ပါတဲ့ခရင်မ်ကို နေ့စဉ်လ်ိမ်းပေးခြင်းဖြင့် အသားအရေ ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

 

CMS

www.drmyanmar.com