ကျန်းမာရေးအထောက်အကူပြု ဖြည့်စွက်စာ ကုန်စည်ပြပွဲ မေလတွင်ကျင်းပမည်
" မြန်မာနိုင်ငံ၏ ကျန်းမာရေးအထောက်အကူပြုဖြည့်စွက်စာ ကုန်စည်ပြပွဲ ၂၀၁၆ " အား မေ လ၂ ၀ရက်နေ့မှ ၂၂ ရက်နေ့အထိ ရန်ကုန်မြို ့ Rose Garden Hotel တွင် ကျင်းပ မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါပြပွဲတွင်အစားအသောက်နှင့်ထုတ်ကုန်ပစ္စည်းလုပ်ငန်းများ၊ ကျန်းမာရေးဖြည့်စွက်စာများ၊ ကုန်ကြမ်းများ၊ သုတေသနနှင့် ဖွ့ံဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ စမ်းသပ်ခြင်းနှင့် စစ်ဆေးရေးစက်ပစ္စည်း ကိရိယာဆက်စပ်၀န်ဆောင်မှုလုပ်ငန်းများမှ ၀င်ရောက်ပြသကြမည်ဖြစ်ပြီး ပြခန်းပေါင်း ၆၅ ခန်း ထားရှိမည်ဖြစ်ကြောင်း သိရသည်။
မိမိ၏ကုန်ပစ္စည်းများအား ပြသနိုင်ခြင်း၊ လက်ရှိဖောက်သည်များအပြင် အလားအလာရှိသောဖောက်သည်များနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်နိုင်ခြင်း၊ နိုင်ငံတကာအာဟာရဆိုင်ရာကျွမ်းကျင်သူများနှင့် မျက်နှာစုံညီဆွေးနွေးခွင့်ရနိုင်ခြင်း၊ မိမိနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်သောလုပ်ငန်းရှင်များ၊ ဈေးကွက်ဖြန့်ချိသူများ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း စသည်တို့ကြောင့်ပြပွဲတွင် ၀င်ရောက်ပြသသင့်ကြောင်း VEAS ကုမ္ပဏီမှ အစီအစဉ်ကြေညာသူ Ms.Jasmine မှပြောသည်။
VEASကုမ္ပဏီ ၏ စီးပွားဖွ့ံဖြိုးတိုးတက်မှုဒါရိုက်တာဖြစ်သည့် Mr.Romain Marselli မှ အဖွဲ့အစည်းနှင့်ပတ်သက်သော သတင်းအချက်အလက်များနှင့်ပြပွဲအကျိုးရလဒ်များ၊ ပြပွဲနှင့်ဆက်စပ်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏စားသောက်ကုန်ဈေးကွက်အခွင့်အလမ်းနှင့်အလားအလာကောင်းများအား ဂျွန်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ မှ ဒေါက်တာသန်းသန်းစိန်ကဆွေးနွေးဟောပြောခဲ့ပြီး အဆိုပါပြပွဲနှင့်ပတ်သက်၍အသေးစိတ်သိရှိလိုပါက [email protected] နှင့် ဖုန်းနံပါတ် ၀၉၄၂၀၀၂၅၆၈၄ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။






























