/
node/3341

ကျန်းမာရေးအခြေအနေသည် အမျိုးသားတို့၏ မျိုးအောင်နိုင်ချေကျဆင်းမှုအတွက် အဓိကအန္တရာယ်

Category
အမျိုးသားများနှင့်ကျန်းမာရေး

        အမျိုးသားတို့၏ မျိုးအောင်နိုင်စွမ်းကျဆင်းမှုဟာ ၎င်းတို့၏ ကျန်းမာရေးအခြေအနေပေါ်တွင်များစွာ မူတည်နေကြောင်း လေ့လာမှုအသစ်အရသိရှိရပါတယ်။

        အမျိုးသား 9,000 ကျော်အား မျိုးအောင်နိုင်စွမ်းကို လေ့လာစမ်းသပ်ခဲ့ရာ လေဖြတ်ဖူး သူ၊ သွေးကြောဆိုင်ရာ ရောဂါရှိသူ၊ သွေးဖိအားမြင့်တက်သူတို့တွင် သာမန်ထက် မျိုးအောင်နိုင်ချေ ကျဆင်းနေကြောင်း၊ ဥပမာအားဖြင့် သွေးတိုးရောဂါမရှိသူဟာ မျိုးအောင်နိုင်ချေ 56 ရာခိုင်နှုန်း ရှိရာ၌ သွေးတိုးရောဂါခံစားနေရသူတွင် မျိုးအောင်နိုင်ချေ 45 ရာခိုင်နှုန်းသာ ရှိကြောင်း အမေရိကန်နိုင်ငံရှိ Stanford University မှ မျိုးပွားမှုနှင့် ဆီးလမ်းကြောင်းဆိုင်ရာ ဆရာ၀န်၏ ပြောကြားချက်အရ သိရှိရပါတယ်။

         ဒါ့အပြင် မျိုးအောင်နိုင်စွမ်းသည် မျိုးဗီဇနှင့် 15 ရာခိုင်နှုန်း သက်ဆိုင်မှုရှိကြောင်းကိုလည်း အဆိုပါဆရာ၀န်က ဆိုပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ အာဟာရချို့တဲ့ခြင်းတို့ကြောင့် မျိုးဗီဇကို ထိခိုက်စေနိုင်ပြီး အိပ်ချိန်လုံလောက်မှုမရှိခြင်း၊ ဓာတုပစ္စည်းများနှင့်ထိတွေ့ခြင်းတို့ကြောင့် မျိုးအောင်နိုင်ချေကို ကျဆင်းစေနိုင်ကြောင်း သိရှိရပါတယ်။

 

 CMS

www.drmyanmar.com