/
node/3342

ကလေးမွေးပြီးနောက် အမျိုးသားများကလည်း အမျိုးသမီးများနည်းတူ စိတ်ကျရောဂါခံစားရ

Category
အမျိုးသားများနှင့်ကျန်းမာရေး

        ကလေးမွေးပြီးစ မိခင်များရဲ့ 15% လောက်ဟာ ကလေးမွေးပြီးတဲ့နောက်မှာ စိတ်ကျေ၀ဒနာ (Postpartum Depression) ကို ခံစားရလေ့ရှိပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ မိခင်တွေသာမက ဖခင်တွေရဲ့ 7% ဟာလည်း ကလေးမွေးပြီးတဲ့အခါမှာ စိတ်ကျရောဂါကို ခံစားရတတ်တယ်လို့ သိရပါတယ်။ ဒီအချက်ကို သုတေသီတွေက ကလေးအဖေ အယောက် 1700 ကို လေ့လာမှုပြုလုပ်ပြီးမှ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး စိတ်ဓာတ်ကျတာကို တုန့်ပြန်ပုံခြင်းမတူပါဘူး။ စိတ်ဓာတ်ကျတဲ့အခါမှာ အမျိုးသမီးတွေက ငိုလေ့ရှိပြီး အမျိုးသားများကတော့ ဂဏှာမငြိမ်ဖြစ်ခြင်း၊ ဒေါသဖြစ်ခြင်းတို့နဲ့ ဖော်ပြလေ့ရှိပါတယ်။ ဒါ့အပြင် အမျိုးသားတွေမှာ စိတ်ဓာတ်ကျခြင်းရဲ့ အခြားသော လက္ခဏာတွေ အနေနဲ့ -

-   အိပ်စက်ချိန်ပြောင်းလဲလာခြင်း

-   ၀မ်းနည်းခြင်း

-   အစာစားလိုစိတ်ပြောင်းလဲလာခြင်း

-   လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်း

-   မိသားစုတွင် မိမိမရှိမှ ပိုကောင်းသွားမယ်လို့ ထင်မှတ်ခြင်း

-   မူးယစ်ဆေးဝါးနှင့် အရက်သေစာ သောက်စားခြင်း

-   တစ်ကိုယ်တည်းနေခြင်း

-   အကြောင်းရင်းတစုံတရာမရှိဘဲ ကိုယ်လက်များ ကိုက်ခဲခြင်း

-   မိမိကိုယ်ကို သတ်သေရန်ကြိုးစားခြင်းတို့ကို တွေ့ရတတ်ပါတယ်။ စိတ်ဓါတ်ကျနေတဲ့ ဖခင်တွေဟာ ကလေးငယ်တွေကို ပိုမိုငေါက်ငမ်းတတ်တယ်လို့လည်း လေ့လာသူတွေက ဆိုပါတယ်။

 

 

Dr. Htet Htet Aung

www.drmyanmar.com