နာတာရှည်ေ၀ဒနာများသက်သာဖို့ရာ
ခန္ဓာကိုယ်ရဲ့တစ်နေရာရာမှာ နာတာရှည်နာကျင်မှု ေ၀ဒနာခံစားနေရသူတွေအတွက် ဒီေ၀ဒနာတွေကို တွန်းလှန်နိုင်စေမယ့် နည်းလမ်းလေးအချို့ကိုရွေးချယ်ဖော်ပြလိုက်ပါတယ်။
1. လေ့ကျင့်ခန်းလုပ်ပါ။
သင့်ခန္ဓာကိုယ်က နာကျင်ကိုက်ခဲနေတဲ့အခါ လေ့ကျင့်ခန်းလုပ်ဖို့ အခက်အခဲရှိနေပါလိမ့်မယ်။ ဒါပေမယ့် လေ့ကျင့်ခန်းမပြုလုပ်ပါက ကြွက်သားတွေ သန်မာအားကောင်းခြင်းမရှိတော့ဘဲ ခန္ဓာကိုယ်ကြံ့ခိုင်အားတွေ ယုတ်လျော့ပြီး နာကျင်မှုကို ပိုတိုးလာစေနိုင်ပါတယ်။ ဒါကြောင့် ညင်သာတဲ့ လေ့ကျင့်ခန်းမျိုးကို လုပ်ဆောင်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် စိတ်ဓာတ်စွမ်းရည်မြှင့်တင်ပေးနိုင်ပြီး နာကျင်မှုေ၀ဒနာများကို ပိတ်ပင်တားဆီးပေးနိုင်တဲ့ အန်ဒိုဖင်ဟော်မုန်း Endorphin Hormone ကို ထွက်စေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိနဲ့သင့်တော်မယ့် လေ့ကျင့်ခန်းကို ဆရာ၀န်နဲ့တိုင်ပင်ပြီး ကြိုးစားလေ့ကျင့်သင့်ပါတယ်။
2. တရားထိုင်ပါ။
တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းဟာ နာကျင်မှုကြောင့် သင်ခံစားနေရတဲ့ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ နည်းလမ်းကောင်းများဖြစ်ပါတယ်။ ဒါကြောင့် စိတ်သက်သာမှု ရစေမယ့်နည်းကောင်းများကို ဆရာ၀န်နဲ့ တိုင်ပင်ပြီးထပ်မံလေ့လာပါ။ မျက်လုံးမှိတ်ထားပြီးအသက်ရှူသွင်း၊ ရှူထုတ်နေ့စဉ်လုပ်ပေးပါ။
3. အရက်သောက်ခြင်းမှ ရှောင်ကျဉ်ပါ။
ေ၀ဒနာများသက်သာစေရန်အတွက် ညဘက်မှာ နှစ်ခြိုက်စွာအိပ်စက်ဖို့ လိုအပ်ပါတယ်။ အရက်သောက် ခြင်းကြောင့် အိပ်ပျော်စေနိုင်ပေမယ့် ဇီ၀တွင်းဖြစ်စဉ်တွေကို ကစဥ့်ကလျားဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်စေနိုင်ပါဘူး။
4. ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်ပါ။
အချို့လူတွေကဆေးလိပ်သောက်ခြင်းဖြင့် ေ၀ဒနာယာယီ သက်သာစေဖို့ ပြုလုပ်လေ့ရှိတတ်ကြပါတယ်။ ဒါပမေယ့်ဆေးလိပ်သောက်ခြင်းကြောင့် ရောဂါကုသရာမှာ နှောင့်နှေးကြန့်ကြာစေနိုင်သလို၊ သွေးလည်ပတ်မှု မကောင်းခြင်း၊ ကျောရိုးဆစ်များကြားရှိအရိုးနုများ ထိခိုက်ခြင်း၊ ကျောရိုးများသန်မာမှုမရှိတော့ခြင်း တို့ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်မသောက်တာဟာ သင့်ရောဂါကို လျင်မြန်စွာပျောက်ကင်းစေဖို့ များစွာအထောက်အကူပြုပေးနိုင်ပါလိမ့်မယ်။
5. ကျန်းမာရေးနဲ့ညီညွတ်စွာစားသုံးပါ
ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာများ စားသုံးခြင်းကြောင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်စေပြီး ကိုယ်အလေးချိန်လည်း ထိန်းထားနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါအန္တရာယ်မှ လျော့ချပေးနိုင်သလို အစာခြေဖျက်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ကောက်နှံတစ်ခုလုံးပါ၀င်တဲ့ အစားအစာ၊ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ အဆီနည်းအသားတွေကို ရွေးချယ်စားသုံးပါ။
6. နေ့စဉ်မှတ်တမ်းထားပါ။
တနေ့တာလုံး မိမိခံစားရသမျှ နာကျင်မှုတွေကို ရေးမှတ်ထားခြင်းဖြင့်ဆရာ၀န်အနေနဲ့ သင့်ရောဂါအခြေအနေကို ခန့်မှန်းရလွယ်ကူစေနိုင်သလို ရောဂါကုသရာမှာလည်း များစွာအထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် သင့်နေ့ ဘက်မှာလုပ်ဆောင်တာတွေ၊ ဘယ်လိုလှုပ်ရှားမှုတွေက သင့်ကိုဘယ်လိုခံစားမှုမျိုးတွေ ပေးစွမ်းနိုင်လဲ ဆိုတာနေ့စဉ် ရေးမှတ် ထားပါ။ ဆေးခန်းသွားချိန်တိုင်း သင့်နေ့စဉ်မှတ်တမ်းကိုယူသွားပြီး ဆရာ၀န်အား သင့်ရောဂါအခြေအနေကို သိရှိစေသင့်ပါတယ်။
7. အပန်းဖြေပါ။
စိတ်ပျိုကိုယ်နုဆိုတဲ့အတိုင်း စိတ်ခံစားချက်ကောင်းနေမှသာ ရုပ်ပိုင်းဆိုင်ရာေ၀ဒနာများကို ကုသရာမှာ ပိုပြီးထိရောက်မှုရှိမှာပါ။ ဒါကြောင့် အနှိပ်ခံခြင်းဖြင့် စိတ်အပန်းဖြေခြင်းမိတ်ဆွေများနဲ့ စကားဖောင်ဖွဲ့ပြောကာ ညစာစားခြင်းတို့ဖြင့် စိတ်စွမ်းအားမြှင့်တင်ပါ။
8. အာရုံပြောင်းပါ။
မိမိနာကျင်မှုအပေါ်မှာ အာရုံစိုက်နေခြင်းကြောင့် ေ၀ဒနာကို ပိုဆိုးလာတယ်လို့ ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ချက်ပြုတ်နည်းသင်တန်းတက်ခြင်း၊ ဥယျာဉ်ခြံစိုက်ပျိုးခြင်း၊ စာပေဖတ်ရှူခြင်းစတဲ့ မိမိဝါသနာပါတဲ့ တစ်စုံတစ်ခုမှာသာ စိတ်အာရုံနှစ်ထားလိုက်ပါ။
9. ဆေးဝါးကိုစစ်ဆေးပါ။
သင်သောက်နေတဲ့ဆေးဝါးတွေဟာ သင့်ရောဂါ အမှန်တကယ်သက်သာစေမှု ရှိ /မရှိ သိရှိသင့်ပါတယ်။ ဆေးသောက်ပေမယ့် ဖြစ်မြဲတိုင်းနာကျင်နေပါက ဆရာ၀န်နဲ့ သေချာပြန်လည်တိုင်ပင်ပြီး တခြားဆေးဝါးများ ပြောင်းသောက်သင့်မသောက်သင့် စဉ်းစားသင့်ပါတယ်။
10. တစ်ယောက်တည်းမနေသင့်ပါ။
နာတာရှည်နာကျင်မှုေ၀ဒနာခံစားနေရချိန်မှာ တစ်ယောက်တည်းသီးသန့်ကြိတ်မှိတ်ခံစားနေခြင်းဟာ မိမိေ၀ဒနာကို အခြားသူများမသိရှိနိုင်တာကြောင့် ဘယ်လိုကုသရမယ်ဆိုတဲ့ အကြံဉာဏ်ကောင်းတွေ မရနိုင်ပါဘူး။ ဒါကြောင့် သင့်အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေ၊ မိသားစု၀င်တွေကို သင့်ေ၀ဒနာအကြောင်းအား ပြောပြ ထားသင့်ပါတယ်။
CMS






























