/
node/3360

အသက်တစ်နှစ်အောက်ကလေးများမှာ အဖြစ်ဆုံးရောဂါများ

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးလွင်သန့် (ဆေး - ၂)

        အသက်တစ်နှစ်အောက် ကလေးများမှာ ကလေးဘ၀တွင် ထိုးသင့်သည့် ကာကွယ်ဆေးများ အပြည့်အစုံ ထိုးထားဖို့လိုအပ်ပါတယ်။ ကလေးရဲ့ ခုခံမှုစနစ် အရန်သင့်မဖြစ်သေးတဲ့အချိန် မွေးပြီးပြီးချင်းမှာ မိခင်ရဲ့နို့ရည်ကို စတင်တိုက်ကျေွးပေးရင် ကလေးရဲ့ ခုခံမှုစနစ်ရလာပါတယ်။ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမြှေးရောင်၊ မေးခိုင်၊ ကြက်ညှာနဲ့ ဆုံဆို့ရောဂါငါးမျိုးပါတဲ့ ပင်တာဗဲလိတ် Pantava-lent ကာကွယ်ဆေးနဲ့ ပိုလီ ယိုအစက်ချဆေးကို အသက်နှစ်လသား၊ လေးလသားနဲ့ ခြောက်လသားတို့မှာ ထိုးနှံပေးပါ တယ်။ ဒေသန္တရနဲ့ ကျေးလက်ကျန်းမာရေးဌာနတို့ကနေ ယင်းကာကွယ်ဆေးအပြင် အသက်ကိုးလမှာ ၀က်သက်ကာကွယ်ဆေးထိုးပေးပါတယ်။ ဒါ့အပြင် ကလေးတီဘီကာကွယ်ဆေး ဘီစီဂျီလည်းရှိရာ၊ သက်ဆိုင်တဲ့ ကာကွယ်ဆေးများကို သတ်မှတ်ကာလတွေမှာ ထိုးနှံသွားဖို့လိုပါတယ်။ သည့်ပြင်လည်း ဒေသအလိုက် ဖြစ်ပွားတဲ့ရောဂါ ကာကွယ်ဆေးများ၊ ဥပမာ ရခိုင်ပြည်နယ်မှာ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးထိုးနှံသွားဖို့လိုပါတယ်။

                   ကလေးဘ၀မှာ ဖြစ်ပွားတတ်တဲ့ ရောဂါများထဲမှာ အသက်အန္တရာယ်ခြိမ်းခြောက်တဲ့အထိ ရှိတတ် တာက၀မ်းပျက်၀မ်းလျှောခြင်းနဲ့ အေအာအိုင်ခေါ် ရုတ်တရက် အဆုတ်ရောဂါတို့ဖြစ်တယ်။ တစ်နှစ်အောက် ကလေးများရဲ့ သေနှုန်းဟာ နိုင်ငံတစ်ခုရဲ့ ဖွ့ံဖြိုးတိုးတက်မှု ပြယုဂ်တစ်ခုလည်းဖြစ်တယ်။

                   ကလေးဘ၀မှာ ၀မ်းပျက် ၀မ်းလျှောရောဂါ မဖြစ်ရအောင် တစ်ကိုယ်ရေသန့်ရှင်းရေးဟာ အရေးကြီး တယ်။ ကလေးအသက်တစ်နှစ်ပိုရှည်ဖို့ မိခင်လောင်းများ ပညာပိုတတ်ရမယ်။ မိခင်ပညာတတ်ရင် မိခင်တစ်တန်း ပိုအောင်တိုင်း ကလေးအသက် ၁၀ နှစ် ပိုရှည်တယ်ဆိုတယ်။

 

                ကြက်ညှာချောင်းဆိုရောဂါ (Yersinia pertusis) သည် ကြက်ညှာချောင်းဆိုး ဗက်တီးရီးယားကြောင့်ဖြစ်ပြီး ခေါင်းမူးေ၀ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ခံတွင်းပျက်ခြင်း၊ နှာရည်ယိုခြင်း၊ ခေါင်း ကိုက်ခြင်း၊ မူးခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ အသက်ရှူမရအောင်ဆိုးခြင်း၊ မျက်စိ၊ နား၊ နှာခေါင်းမှ သွေး ထွက်ခြင်းတို့ဖြစ်တယ်။

 

                   ဆုံဆို့နာ (Diptheria) သည် ဗက်တီးရီးယားကြောင့်ဖြစ်ပြီး လူနာနဲ့ တိုက်ရိုက်ထိတွေ့ခြင်း၊ ရောဂါ သယ်ဆောင်သူများနှင့် တွေ့ထိခြင်း၊ လူနာရဲ့ အသုံးအဆောင်၊ အစားအသောက်များ ယူသုံးခြင်းတို့မှ ကူးစက် တတ်တယ်။ အနည်းငယ် ဖျားခြင်း၊ လည်ပင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ထိုင်းမှိုင်းခြင်း၊ လည်ချောင်းအဖြူမြှေးပိတ် ဆို့ခြင်းတို့မှသည် အသက်ရှူကျပ်၍ သေနိုင်ခြင်း၊ ပိုးမှအဆိပ်များ နှလုံးသို့ ထိခိုက်၍ သေဆုံးနိုင်ခြင်း တို့အထိ ဖြစ်တတ်တယ်။

 

                   အဆုတ်တီဘီရောဂါ ဟာ တီဘီပိုး  (Mycobacterium tuberculosis) ကြောင့်ဖြစ်ပြီး၊ တီဘီရောဂါ ရှိသူနှင့်အတူနေခြင်း၊ တီဘီပိုးရှိသူချောင်းဆိုး၊ အသက်ရှူရာမှ ပျံ့လွင့်ကူးစက်ခြင်း၊ တစ်အိမ်တည်း အတူနေခြင်းတို့မှ ကူးစက်တယ်။ ယခုအခါ တီဘီရှိပါက DOTS နည်းဗျူဟာဖြင့် ၆ လ သို့မဟုတ် ၈ လ ကုသပျောက်ကင်းနိုင်တယ်။

 

                   ဦးနှောက်အမြှေးရောင်ရောဂါ ဟာ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်နှစ်မျိုးကြောင့်ဖြစ်တယ်။ ဗက်တီးရီးယား ကြောင့်ဖြစ်ရင် ကုသရတာလွယ်ပေမယ့် ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင် ကုသဆေး၊ ကာကွယ်ဆေး မလွယ်တတ်ဘူး။

 

                   ပိုလီယိုရောဂါ နဲ့ ပတ်သက်ပြီး ကမ်ဘာမှာ ကင်းစင်ကြောင်း ကြေညာဖို့မှာ အီရတ်၊ အာဖဂန်နစ္စတန်နှင့် နိုက်ဂျီးရီးယားမှာ တီဘီအရိုင်းပိုးတွေ့ရှိပြန်လို့ ပြန်လည်တိုက်ကျေွးနေရတယ်။

 

                   ၀က်သက် (Measles) ရောဂါ ဟာ ၀က်သက်ဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ဖျား၍ နှာရည်ကျခြင်း၊ မျက်စိနီမြန်းခြင်း၊ ချောင်းခြောက််ဆိုးခြင်း၊ နှာချေခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ လေးရေက်မြောက်နေ့မှာ အရေပြား အားလုံးအမာရွတ်ထင်ကျန်ရှိခြင်းတို့ဖြစ်တယ်။ တစ်ပတ်အတွင်း ပျောက်နိုင်တယ်။ တစ်ခါဖြစ်ပြီးရင် ဘ၀တစ်သက်တာမဖြစ်ပါ။

 

                   အသည်းရောင်အသားဝါဘီရောဂါ ဟာ အသည်းရောင်အသားဝါ ဘီ ဗိုင်းရပ်စ်ကူးစက်တို့ဖြစ်ပြီး မိခင်မှကလေးသို့ ကူးစက်နိုင်ပါတယ်။ ကလေးမွေးပြီးပြီးချင်း ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

 

                   ကလေးဘ၀တွင် ကာကွယ်ဆေးများကို သတ်မှတ်တဲ့ကာလအပိုင်းအခြားအတွင်း အပြည့် ထိုးနှံပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှု လျော့နည်းစေကာ အသက်ရှည်ကျန်းမာလာ တယ်။ သေဆုံးမှုလျော့နည်းလာတယ်။

 

                   ၀မ်းပျက်၀မ်းလျှောရောဂါ ဟာ ဖြည့်စွက်စာကျေွးမွေးတဲ့ အရွယ်ခြောက်လသားမှာဖြစ်တတ်တယ်။ ၀မ်းပျက်၀မ်းလျှောဟာ အစားအစာမသန့်ခြင်း၊ ရက်လွန်အစားအစာများကျေွးခြင်း၊ အစာကိုင်တွယ်တဲ့ လက်မသန့်ခြင်း၊ ယင်းနားစာစားခြင်း တို့ကြောင့် ဖြစ်တယ်။ ဓာတ်ဆားရည်တိုက်ခြင်းနှင့် မက်ထရို၊ ဒီဆင်တို၊ စီဖရန် (Cifran, Decento, Metro) အရည်တို့က ဆုံးရှုံးသွားတဲ့ အရည်ဓာတ်ကို ပြန်လည် ဖြည့်တင်းပေးနိုင်တယ်။ တိကျ သေချာတဲ့ ဆေးအညွှန်း (ဥပမာ တစ်ဇွန်းစီနဲ့ သုံးကြိမ် သို့မဟုတ် လေးကြိမ်)တိုက်ဖို့ဆိုရင် အချိန်အပိုင်းအခြား အတွင်းတိုက်ကျေွးရပါမယ်။

 

                   အအေးမိနှာစေးရောဂါ ဟာ ဖျားခြင်း၊ ခေါင်းမူးေ၀ခြင်း၊ အားအင်ကုန်ခြင်း၊ ခံတွင်းပျက်ခြင်းတို့ဖြစ်ပြီး၊ နှာရည်ထွက်ကာ ချောင်းဆိုးစေတယ်။ ရာသီအပြောင်းအလဲမှာ တွေ့ရှိရပြီး သည်ထက်ဆိုးပါက နမိုးနီးယားဖြစ်ကာ ဆေးရုံတက်ရောက် ကုသရသည်ထိ ဆိုးရွားတတ်သည်။

                   ကလေးတုပ်ကွေးရောဂါ၊ ကြက်ငှက်တုပ်ကွေးရောဂါ၊ ၀က်တုပ်ကွေးရောဂါတို့ မဖြစ်ရအောင် ဒေသ တွင်းပျံ့နှံ့ကူးစက်ခြင်း ရှိ၊ မရှိ ဆော်သြဖို့လိုသလို မိမိကလေးများ ရုတ်တရက် ဖျားခြင်း၊ ခံတွင်းပျက်ခြင်း၊ အခြား သူများလည်း ကူးစက်ခြင်းရှိပါက သီးခြားပြုစုဖို့လိုသလို၊ ပြုစုသူကိုယ်တိုင် ရောဂါမဖြစ်အောင် စီဖရန် 500 မီလီ ဂရမ်နှစ်လုံး သောက်ထားသင့်တယ်။ တုပ်ကွေးအတွက် ကာကွယ်ဆေးရှိပေမယ့် တစ်နှစ်မှာ တစ်ကြိမ်မျိုးပြောင်း သွားနိုင်လို့ တစ်နှစ်တစ်ကြိမ် ထိုးနှံပေးဖို့လိုပါတယ်။ ၀က်တုပ်ကွေး၊ ကြက်ငှက်တုပ်ကွေးအတွက် ကာကွယ်ဆေး မရှိသေးပါ။ အကောင်းဆုံးက ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး လူကြားထဲသွားလာရင် နှာခေါင်းစည်း၊ ပါးစပ်စည်းများ စည်းထားဖို့လိုပါတယ်။

 

                   ၀ဲယားနာရောဂါ မှာ ကလေးများတစ်ကိုယ်ရေသန့်ရှင်းရေး ညံ့ဖျင်းလို့ သို့မဟုတ် မိဘများ ညစ်ပတ်လို့ ဖြစ်ကြရသလို ဆေးရှိသော်လည်း သေချာမလိမ်းခြင်း၊ ဆေးမသောက်ခြင်းတို့က လူကြီးများအတွက် ပိုဆိုးစေတယ်။ ကလေးများတွင် မပျောက်ဘဲနေတယ်။ တစ်ယောက်ချင်းကုသတာထက် အိမ်ရှိလူကုန် ၀ဲဆေးလိမ်းခြင်း၊ တစ်အိမ်လုံး လူကုန်သန်ချဆေးတစ်နှစ်နှစ်ကြိမ်ချခြင်းဖြင့် ၀ဲယားနာရောဂါ၊ သန်ရောဂါတို့ ကင်းေ၀းစေတယ်။

 

                   တစ်ကိုယ်ရေသန့်ရှင်းခြင်း ဟာ အပြောလွယ်ပေမယ့် လိုက်နာရခက်ခဲသလို၊ လုပ်ရိုးလုပ်စဉ် အရဖြစ်သွားမှသာ အောင်မြင်မယ်။ အစာမစားမီ၊ အိမ်သာတက်ပြီးတိုင်း လက်ကို ဆပ်ပြာ၊ ရေတို့နဲ့ ဆေးခြင်း၊ နေ့စဉ် ရေချိုးခြင်း၊ ဆံပင်ညှပ်ခြင်း၊ ခေါင်းလျှော်ခြင်း၊ ဆံပင်၌ သန်းကင်းစင်အောင် ထားခြင်း၊ ပတ်၀န်းကျင်သန့်ရှင်းရေး၊ ကျောင်းသန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ အိမ်သာစနစ်တကျရှိခြင်း၊ အမှိုက်စနစ်တကျ စွန့်ပစ်ခြင်း၊ ရေမြောင်းများ စနစ်တကျရှိရေး၊ ဗွက်များခြုံပုတ်များ ခုတ်ထွင်ခြင်း၊ ခြင်များမကိုက်အောင်ထားခြင်း၊ နေခြင်းဖြင့် ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

 

 

 

ဒေါက်တာလွင်သန့် (ဆေး - ၂)

Health Digest Journal No. 26

www.drmyanmar.com