/
node/3455

ကိုယ်၀န်ဆောင်ချိန်တွင် ကြုံတွေ့ရသော အိပ်စက်ခြင်းပြဿနာ

Category
ကိုယ်၀န်ဆောင်နှင့်ကျန်းမာရေး

♦ အိပ်မပျော်ရသော အကြောင်းရင်းများ

 

-       ညဘက်တွင် ဆီးခဏခဏသွားခြင်း

-        ကြီးထွားလာသော ၀မ်းဗိုက်ကြွက်သားကြောင့် မအီမသာဖြစ်ခြင်း

-        ရင်ပူခြင်း

-        ကြွက်တက်ခြင်း

-        စိတ်ပိုင်းဆိုင်ရာဖိစီးမှုများကြောင့် အိပ်မပျော်ခြင်း

-        နေ့ခင်းပိုင်းတွင် အိပ်စက်ချိန်များခြင်း

 

နှစ်ခြိုက်စွာအိပ်ပျော်စေရန် လိုက်နာသင့်သောအချက်များ

 

ခေါင်းအုံး။     ။ ၀မ်းဗိုက်အောက်နှင့် ခြေထောက်နှစ်ခုကြားတွင် ခေါင်းအုံးထားပြီး ဘေးတစောင်း အနေအထားနဲ့ အိပ်စက်နိုင်ပါတယ်။ ယခုအခါမှာ ကိုယ်၀န်ဆောင် များအတွက် အထူးပြုလုပ်ထားသော ခေါင်းအုံးများကိုလည်း အလွယ်တကူ၀ယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

 

အစားအစာ။  ။ အိပ်ရာမ၀င်ခင်မှာ နွားနို့ပူပူနဲ့ခရက်ကာမုန့်ကို စားပေးခြင်းဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

 

လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်း။      ။ လမ်းလျှောက်တာ၊ ကိုယ်၀န်ဆောင်ယောဂကျင့်တာကြောင့် ကြွက်သားများကို ပျော့ပြောင်းစေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။

 

CMS

www.drmyanmar.com