/
node/3538

“ကမ္ဘာ့ကျောက်ကပ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲ” အား ရန်ကုန်၌ ကျင်းပပြုလုပ်ခဲ့

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        “ကမ္ဘာ့ကျောက်ကပ်နေ့အထိမ်းအမှတ် လမ်းလျှောက်ပွဲ” အား 2016 ခုနှစ်၊ ဧပြီလ (2) ရက်နေ့၌ မြန်မာနိုင်ငံ ဆရာ၀န်များအသင်း (ရန်ကုန်)၌ ကျင်းပခဲ့သည်။ အဆိုပါလမ်းလျှောက်ပွဲအား ဆီးနှင့်ကျောက်ကပ် ဆေးကုသဌာနနှင် ့ဆေးကုမ္ပဏီများ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

        “ကျွန်တော်တို့ကမ္ဘာ့ကျောက်ကပ်နေ့ အခမ်းအနားကို လွန်ခဲ့တဲ့ 10 နှစ်၊ 2006 ခုနှစ်ကစပြီး စတင်လှုပ်ရှားခဲ့ပြီးတော့ နှစ်စဉ် ကျင်းပခဲ့ပါတယ်။ အခုဆိုရင်ကမ္ဘာမှာကော မြန်မာမှာပါ ကျောက်ကပ်ရောဂါဟာ အဖြစ်များနေပါတယ်။ အမေရိကမှာဆိုရင် လူဦးရေရဲ့ ဆယ်ပုံတစ်ပုံ၊ သြစတျေးလျမှာဆိုရင် ကိုးယောက်မှာ တစ်ယောက်က နာတာရှည်ကျောက်ကပ်အားနည်းတဲ့ရောဂါကို ခံစားနေရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆိုရင်လည်း 2010 ကတွက်ချက်ထားတဲ့ မှတ်တမ်းအရ တစ်နှစ်တစ်နှစ်မှာ ကျောက်ကပ်လုံး၀ အလုပ်မလုပ်တဲ့သူတွေ တစ်သောင်းကျော်ရှိပါတယ်။ အဲ့ထဲက 2010 မှာ ကျောက်ကပ်အစားထိုးတာတို့၊ ကျောက်ကပ်ဆေးတာတို့ လုပ်နိုင်တဲ့သူပေါင်းဟာ 5 ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ ကျန်တဲ့ 95 ရာခိုင်နှုန်းဟာ အသက်ဆုံရှုံးရပါတယ်။    “ကလေးများနှင့်ကျောက်ကပ်ေ၀ဒနာ ကြိုတင်ကာကွယ်ဖို့ လက်ဦးမှုကိုရယူစို့” ဆိုတဲ့ ဆောင်ပုဒ် အတိုင်း ကျောက်ကပ်ရောဂါဟာ ကလေးမှာကောလူကြီးမှာပါ ဖြစ်နိုင်တဲ့အတွက် အဲ့ကျောက်ကပ် ရောဂါဖြစ်လာပြီဆိုရင် စောနိုင်သမျှစောစောကုသပြီး လက်ဦးမှုရယူနိုင်ဖို့လိုပါတယ်။” ဟု ကုတင် 500 အထူးကုဆေးရုံကြီး၊ ဆီးနှင့်ကျောက်ကပ်ဆေးအထူးကုဌာနမှ ပါမောက္ခဒေါက်တာခင်မောင်ဌေးမှ ပြောသည်။

       အဆိုပါ ကမ္ဘာ့ကျောက်ကပ်နေ့အထိမ်းအမှတ်ပွဲအား ဆီးနှင့်ကျောက်ကပ်ဆေးကုသဌာနမှ နှစ်စဉ် ဦးဆောင်ကျင်းပလျှက်ရှိကာ ယနေ့ဧပြီလ (2)ရက်နေ့တွင် ကျင်းပသော လမ်းလျှောက်ပွဲအား ဆီးနှင့်ကျောက်ကပ်ဌာနမှ ဆရာ၀န်ကြီးများ၊ ပြည်သူများ၊ ကျောက်ကပ်ေ၀ဒနာရှင်များ၊ ကလေးငယ်များ ပါ၀င်ဆင်နွှဲခဲ့ကြသည်။

 

Chit Chit Khaing

www.drmyanmar.com