/
node/3600

အရေးအကြောင်းကင်းစင်ပြီး ငယ်ရွယ်နုပျိုတဲ့ လှတစ်မျက်နှာကိုပိုင်ဆိုင်ဖို့

Category
အလှအပနှင့်ကျန်းမာရေး

1.   မှောက်လျက်မအိပ်ပါနဲ့

          ဘေးတစ်စောင်းအိပ်ခြင်း၊ မျက်နှာကိုခေါင်းအုံးတွင်အပ်၍ အိပ်ခြင်းကြောင့် မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။

 

2.   ဆယ်လ်မွန်ငါးကဲ့သို့ အိုမီဂါ 3 ဖက်တီးအက်ဆစ်များတဲ့ ငါးတွေများများစားပေးပါ။

          ဆယ်လ်မွန်ငါးမှာ ပရိုတင်းဓာတ်မြင့်မားစွာပါရှိပြီး မျက်နှာပေါ်ရှိအရေးအကြောင်းတွေကို လျော့ပါးသွားစေနိုင်တဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ် ပါ၀င်ပါတယ်။

 

3.   မျက်လုံးအားစိုက်ရတာမျိုးကိုရှောင်ပါ။

          မျက်မှန်တပ်ဖို့လိုအပ်တဲ့သူတွေအတွက် ကွန်ပျူတာအသုံးပြုချိန်(သို့) အာရုံစိုက်ပြီးလုပ်ရမယ့် အလုပ်မျိုးလုပ်ချိန်မှာ မျက်မှန်ကိုမမေ့မလျှော့တပ်သင့်ပါတယ်။ မျက်မှန်မတပ်ဘဲအလုပ်လုပ်ပါက အချိန်ကြာလာတဲ့အခါ မိမိဘာသာမိမိသတိမထားမိဘဲ မျက်မှောင်ကျုတ်ပြီး ကြည့်မိနေတဲ့အတွက် မျက်လုံးဘေးနားတစ်၀ိုက်ရှိ အရေပြားကိုတွန့်စေနိုင်ပြီးအရေးအကြောင်းများ ဖြစ်စေနိုင်ပါတယ်။

 

4.   နေ့စဉ် နေရောင်ကာခရင်မ်လိမ်းပါ

          ပူပြင်းလှတဲ့ နေရောင်ခြည်ဟာအရေးအကြောင်းများကိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါ တယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ နေရောင်နှင့်ခပ်ေ၀းေ၀းမှာနေပါ။ မိမိအလုပ်သဘာ၀အရ နေပူထဲ သွားရမည်ဆိုလျှင်လည်း နေရောင်ကာခရင်မ်လိမ်းပြီး ဦးထုပ်နှင့်နေကာမျက်မှန်ဆောင်သွားပါ။           နေကာခရင်မ်၀ယ်ယူရာမှာလည်း အသားအရေအစိုဓာတ်ကိုပါထိန်းပေးပြီး အနည်းဆုံး SPF 30 ရှိတဲ့ ခရင်မ်ကိုရွေးချယ်ပြီး 2 နာရီခြားတစ်ခါ လိမ်းပေးသင့်ပါတယ်။ ရင်ဘတ်နဲ့ လည်ပင်းတစ်၀ိုက်ရှိ အရေပြားဟာ ပိုမိုထိခိုက်ပျက်စီးလွယ်တဲ့အတွက် ၎င်းနေရာများကိုပါဂရုစိုက်ပြီးလိမ်းပေးသင့်ပါတယ်။

 

5.   မျက်နှာကိုအကြိမ်များစွာသန့်စင်ခြင်းမပြုလုပ်ပါနဲ့

          မျက်နှာကိုအကြိမ်များစွာသန့်စင်ခြင်းကြောင့် မျက်နှာအရေပြားမှာရှိတဲ့အစိုဓာတ်တွေနဲ့ သဘာ၀အဆီဓာတ်တွေကို ဆုံးရှုံးစေနိုင်ပါတယ်။

 

6.   Vitamic C ပါတဲ့ cosmeticsကိုသုံးပါ

          Vitamin C ပါတဲ့ cosmetics တွေကအရေးအကြောင်းဖြစ်ပေါ်ခြင်းကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။

 

7.   ပဲနို့သောက်ပါ

          ပဲနို့ဟာအရေပြားကိုတင်းရင်းစေပြီး၊ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အသားအရေပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

 

8.   ကိုကိုးဖျော်ရည်သောက်ပါ

          ကိုကိုးဖျော်ရည်ဟာနေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြုပြင်ပေးပြီး၊ အရေပြားဆဲလ်တွေဆီကို သွေးစီးဆင်းမှုအားကောင်းစေတဲ့အပြင် အသားရေကိုပိုမိုလှပစေပါတယ်။

 

9.   ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်ပါ

          ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်သောက်တာကြောင့် အရေပြားမှာအောက်ဆီဂျင်နဲ့ အာဟာရဓာတ် များလုံလောက်မှုမရှိတော့ဘဲ အရွယ်မတိုင်မီအိုမင်းရင့်ရော်မှုကိုဖြစ်စေပါတယ်။

 

10.  ကျန်းမာရေးနဲ့အညီနေထိုင်ပါ

          ကျန်းမာရေးနှင့်ညီညွှတ်မျှတအောင် စားသောက်ပါ။ ရေကိုတစ်နေ့ 8 ခွက် (2 လီတာ) သောက်ပါ။ လေ့ကျင့်ခန်းလုပ်ပါ။ အသီးအနှံများကိုဂရုတစိုက် စားပေးပါ။

 

11.  ကျွမ်းကျင်သောအရေပြားဆရာ၀န်နှင့်တိုင်ပင်ပြီးကုသမှုခံယူပါ

          မိမိအသက်အရွယ်နဲ့ကိုက်ညီတဲ့ အရေပြားထိန်းသိမ်းစောင့်ရှောက်မှုများကိုအလှအပနှင့် အရေပြားအထူးကုဆရာ၀န်နှင့်တိုင်ပင်ပြီး ကုသမှုခံယူပါ။ ယခုအခါမှာ ပြည်တွင်းမှာတင် အရေးအကြောင်းများကို သက်သာစေပြီး ကော်လာဂျင်ထွက်နှုန်းကိုကောင်းစေတဲ့ (Intense Pulsed Light) IPL ကဲ့သို့သောကုသမှုမျိုးကို ခံယူနိုင်ပါတယ်။

 

 

CMS

www.drmyanmar.com