/
node/3751

ဆေးပြင်းလိပ်သည် စီးကရက်ကဲ့သို့ပင် ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်

Category
အမျိုးသားများနှင့်ကျန်းမာရေး

        ဆေးလိပ်သည်တစ်နှစ်ကိုလူပေါင်း ခြောက်သန်းသေဆုံးမှုအတွက် အဓိကတရားခံဖြစ်ပြီး 2030 ပြည့်နှစ် တွင် သေဆုံးသူရှစ်သန်းကျော်အထိ တိုးလာမည်ဟု ကမ်ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တွက်ဆထားပါတယ်။ ဆေးလိပ်ဟုဆိုရာတွင် စီးကရက်သာမကဆေးပြင်းလိပ်လည်း အပါအ၀င်ဖြစ်ပါတယ်။ ဆေးပြင်းလိပ်ဟာ စီးကရက်လောက် ရှုသွင်းရန်မလိုတာကြောင့် စီးကရက်လောက်အန္တရာယ်မရှိဘူးလို့ လူအများကယူဆထားကြပါတယ်။ ဆေးပြင်းလိပ်မှာလည်း စီးကရက်ကဲ့သို့ပင် ကျန်းမာရေးကို ထိခိုက်စေတဲ့ပစ္စည်းတွေပါ၀င်နေပါတယ်။ ဆေးပြင်းလိပ်သောက်သုံးသော သူများ၏ သွေးနှင့်ဆီးထဲတွင် ကိုတီနိုင်း၊ ကတ်မီယမ်နှင့် ကင်ဆာဖြစ်စေသောပစ္စည်းပါ၀င်မှုသည် ဆေးလိပ် မသောက်သောသူများထက် ပါ၀င်မှုများပြားနေတာကြောင့် ဆေးပြင်းလိပ်သောက်သုံးသူတွေဟာ လည်း ကျောက်ကပ်ရောဂါနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကိုခံစားရနိုင်ပါတယ်။ အထူးသဖြင့်ဆေးပြင်းလိပ်ရော၊ စီးကရက်ပါသောက်သုံးတဲ့သူများဟာ ဆေးလိပ်၏ဆိုးကျိုးများကို ပိုမိုခံစားရပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com