ကိုယ်၀န်ဆောင်နဲ့ ရင်သားပြောင်းလဲခြင်း
ကိုယ်၀န်ဆောင်ကာလများမှာ နို့ရည်ဖြစ်လာမယ့်ဂလန်းတွေနဲ့ အဆီတစ်သျှူးများ ကြီးထွားလာတာကြောင့် ရင်သားအရွယ်အစားဟာလည်း တဖြည်းဖြည်းကြီးထွားလာပါတယ်။ တချို့ကိုယ်၀န်ဆောင်တွေမှာ လရင့်လာရင် နို့ရည်ကြည်များလည်းထွက်လာနိုင်ပါတယ်။ ကိုယ်၀န်ဆောင်များကို အကြံပြုလိုတာက -
1. ချည်သားဘရာဇီယာကိုသာ ရွေးချယ်၀တ်ဆင်ပါ။ သံဒေါက်ပါတဲ့ ဘရာဇီယာတွေ မ၀တ်ပါနဲ့။
2. မိမိနဲ့ သင့်တော်တဲ့ ဘရာဇီယာအရွယ်အစားကို ပြောင်းလဲ၀တ်ဆင်သွားပါ။ တချို့ဆိုရင် ကိုယ်၀န်ဆောင်ချိန်မှာ ဆိုဒ် 3 ခါလောက် ပြောင်းတတ်ပါတယ်။ ကိုယ်၀န်ဆောင်နဲ့ နို့တိုက်မိခင်များအတွက် သီးသန့်ချုပ်ထားတဲ့ ဘရာဇီယာများလည်းရှိပါတယ်။
3. ညအိပ်ရာ၀င်ချိန်မှာလည်း ဘရာဇီယာကို ၀တ်ထားပေးပါ။
4. ရင်သားများကိုဆေးကြောရာတွင် ရေနွေးနွေးကိုသာအသုံးပြုပါ။
5. စီးကျလာသော နို့ရည်များကိုစုပ်ယူနိုင်အောင် ဘရာဇီယာနဲ့ ရင်သားကြားမှာ ဝါဂွမ်းစခံထားပေးပါ။ နို့ရည်စုပ်တဲ့ အသင့်သုံး Pad တွေ ဈေးကွက်ထဲမှာရှိပါတယ်။
Dr. Htet Htet Aung






























