/
node/3812

နို့စို့ကလေးတွင် အစာအဆိပ်သင့်ခြင်း

Category
ကလေးများနှင့်ကျန်းမာရေး

        နို့စို့ကလေးတွေမှာ အစာအဆိပ်သင့်တယ်ဆိုတာရှားပါတယ်။ အစာအဆိပ်သင့်တယ်ဆိုတာ ပြင်းထန်တဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ အခြေအနေတစ်ရပ်ဖြစ်ပြီး ကလေးငယ်ရဲ့အူထဲကို ကလော့စထရီဒီသမ် ဗော်ကျူလိုင်နမ်ပိုး (Clostridium Botulinum) ၀င်ရောက်သွားခြင်းကြောင့်ဖြစ်ရတာပါ။ ယင်းဗက်တီးရီးယားပိုးတွေဟာ ကလေးရဲ့ အူလမ်းကြောင်းမှာ ရှင်သန်ပွားများနေပြီး အဆိပ်အတောက်တွေကို ထုတ်ပေးပါတယ်။ အစာအဆိပ်သင့်နေတဲ့ ကလေးငယ်ဟာ ၀မ်းချုပ်တာ၊ ပျော့ဖတ်ဖတ်ဖြစ်နေတာ၊ မလှုပ်ချင်မရှားချင်ဖြစ်တာ၊ ထိုင်းမှိုင်းနေတာ၊ အစားမ၀င်တာ၊ နို့မစို့နိုင်တာ စတဲ့ရောဂါလက္ခဏာများ ခံစားရနိုင်ပါတယ်။ အစာအဆိပ်သင့်ပြီး 18-36 နာရီအတွင်း ရောဂါလက္ခဏာပြတတ်ပါတယ်။ အစာအဆိပ်သင့်ခြင်းဟာ ကလေးအသက် 1 နှစ်သားအထိ ဖြစ်လွယ်တတ်ပါတယ်။ ကလေးအစာအဆိပ်သင့်ခြင်းမှ ကာကွယ်နိုင်ဖို့ အောက်ဖော်ပြပါ အချက်တွေကို သိထားသင့်ပါတယ်။

 

1. ကလေးအားဖုန်မှုန့်များထိတွေ့ခြင်းမှ ကာကွယ်ပါ

          မြေကြီးမှာ ကလော့စထရီဒီယမ်ဗော်ကျူလိုင်နမ်ရောဂါပိုး (Clostridium Botulinum) တွေရှိနေပြီး မြေကြီးမှတဆင့် လေထဲမှာလွင့်မျောနေတတ်တာကြောင့် အသက်ရှူလိုက်တဲ့အခါ အဆုတ်ထဲရောက်သွားနိုင်ပါတယ်။ အထူးသဖြင့် ယင်းပိုးကို ဆောက်လုပ်ရေးနဲ့စိုက်ပျိုးရေးမြေတွေမှာ တွေ့ရ များပါတယ်။ ဒါကြောင့် နုနယ်လွန်းတဲ့ကလေးငယ်တွေကို ဖုန်မှုန့်များနဲ့ထိတွေ့စေခြင်းမှ ထိရောက်စွာ ကာကွယ်ပေးသင့်ပါတယ်။

 

 2. ကလေးကိုပျားရည်မတိုက်ပါနဲ့

          ပျားရည်မှာ ကလော့စထရီဒီယမ်ဗော်ကျူလိုင်နမ်ရောဂါပိုး (Clostridium Botulinum) ပါ၀င်နိုင်ခြေများတာကြောင့် အသက်တစ်နှစ်အောက်ကလေးတွေကို ပျားရည်အစက်လေးတစ်စက်တောင် မတိုက်ကျေွးသင့်ပါဘူး။

 

3. အစားအသောက်များကို သေချာပြင်ဆင်ချက်ပြုတ်ပြီးမှကျေွးပါ

                   ဖြည့်စွက်စာအနေနဲ့ ကျေွးတဲ့အစားအစာအားလုံးဟာ သန့်ရှင်းလတ်ဆတ်ဖို့လိုပါတယ်။ အသီးအနှံဆိုလည်း လတ်ဆတ်ပြီး အမှည့်မလွန်တဲ့ အသီးတွေဖြစ်ဖို့ သေချာဂရုစိုက်ပြီး ကျေွးရပါမယ်။

 

Cho Thet

www.drmyanmar.com