/
node/3896

သွေးတစ်စက်ရှိရုံမျှဖြင့် နှလုံးတိုက်ခိုက်ခံရခြင်း ရှိ/မရှိ အချိန်တိုအတွင်း ဖော်ပြပေးနိုင်မယ့် ကိရိယာကို Philips တီထွင်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          နှလုံးတိုက်ခိုက်ခံရခြင်း ရှိ/မရှိ မိနစ်ပိုင်းအတွင်း အဖြေထုတ်ပေးနိုင်မယ့် ကိရိယာတမျိုးကို ဒတ်ချ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Philips က ထုတ်လုပ်နိုင်ခဲ့ပါတယ်။

          Minicare I-20 လို့ အမည်ရတဲ့အဆိုပါ ကိရိယာဟာ နှလုံးတိုက်ခိုက်ခံရချိန် မှာ နှလုံးကြွက်သားကနေ သွေးစီးကြောင်းဆီသို့ ထုတ်လွှတ်လိုက်တဲ့ပရိုတင်း Cardiac Troponin I (CTnI) ပမာဏကို သွေးတစ်စက်ရှိရုံမျှဖြင့် တိုင်းတာပေးမှာဖြစ်ပါတယ်။ Cardiac Troponin I ပမာဏမြင့်တက်နေခြင်းဟာ နှလုံးကြွက်သားဖျက်စီးခြင်းရဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ 10 မိနစ်အတွင်း အဖြေထုတ်ပေးနိုင်တာကြောင့် ဓာတ်ခွဲခန်းပို့ချိန်ထက် အများကြီး အချိန်ကုန်သက်သာတာကို တွေ့ရပါတယ်။

          ရင်ဘတ်အောင့်ေ၀ဒနာကို ခံစားရတဲ့လူတိုင်း နှလုံးသွေးကြောပိတ်ဆို့ခြင်းကြောင့် ရင်ဘတ်အောင့်ခြင်း (Angina) နှင့် နှလုံးကြွက်သားပုတ်ခြင်းကို အချိန်မီခွဲခြားသိရှိဖို့လိုအပ်ပါတယ်။ Cardiac Troponin I ပမာဏကို Minicare I-20 ဖြင့် စစ်ဆေးသိရှိခြင်းဖြင့် လူနာရဲ့ အသက်ကို အချိန်မီ ကယ်တင်နိုင်မှာဖြစ်သလို ဆေးရုံတင်ပြီး စောင့်ကြည့်ရမယ့်အချိန်တွေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com