ရွှန်းစိုသော နှုတ်ခမ်းလွှာတစ်စုံအတွက် လိုက်နာသင့်သောနည်းလမ်း (4) သွယ်
1. နေ့စဉ် ရေရှစ်ခွက်သောက်ပါ
ခန္ဓာကိုယ်မှာ ရေဓာတ်အလုံအလောက်ရရှိနေပါက အသားအရေကို စိုပြည်စေပြီး နှုတ်ခမ်းသားခြောက်သွေ့ခြင်းမှ ကင်းေ၀းစေပါတယ်။ နှုတ်ခမ်းခြောက်လာခြင်း ဟာ ရေဓာတ်ကုန်ဆုံးနေကြောင်းအသိပေးတဲ့ လက္ခဏာရပ်ဖြစ်တာကြောင့် အချိန်မီရေဓာတ်ဖြည့်တင်းနိုင် ဖို့ ရေရှစ်ခွက်သောက်ပေးဖို့လိုအပ်ပါတယ်။
2. နှုတ်ခမ်းသားကိုတံတွေးနှင့် ထိတွေ့ခြင်းမှ ရှောင်ကျဉ်ပါ
နှုတ်ခမ်းသားကိုအစိုဓာတ်ရစေလိုပြီး လျှာနဲ့တို့ထိတတ်ကြပါတယ်။ ဒါပေမယ့် နှုတ်ခမ်းသားကို တံတွေးနဲ့ထိတွေ့တာကြောင့် အစိုဓာတ်မရရှိစေဘဲ ပိုပြီးခြောက်သွေ့ခြင်းကိုသာ ဖြစ်စေနိုင်ပါတယ်။
3. နှုတ်ခမ်းကိုက်တတ်တဲ့ အကျင့်ကိုဖျောက်ဖျက်ပစ်ပါ
စိတ်လှုပ်ရှားတဲ့အခါ ဒါမှမဟုတ် စိတ််ဆိုးစိတ်ကောက်တဲ့အခါ နှုတ်ခမ်းကိုက်မိ တတ်တာကြောင့် နှုတ်ခမ်းအက်ကွဲခြင်း၊ နှုတ်ခမ်းပေါက်ပြီးနာကျင်ခြင်းဖြစ်စေကာ နှုတ်ခမ်းသားတစ်ရှူးတွေ ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းကိုက်တတ်တဲ့ အကျင့်ရှိသူတွေအနေနဲ့ ပီကေဝါးနေတာက အကောင်းဆုံးဖြစ်ပါတယ်။
4. သစ်သီး၀လံနှင့် ဟင်းသီးဟင်းရွက် များများစားပါ
အသီးအရွက်တွေမှာပါရှိတဲ့ ဗီတာမင် B၊ C နဲ့ ငါးမှာ ပါ၀င်တဲ့ အိုမီဂါ 3 ဖက်တီးအက်ဆစ်ဟာ အရေပြားကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ ဒါကြောင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။
Cho Thet






























