/
node/3926

အမျိုးသမီးများသွေးဆုံးချိန်မှာ ကိုယ်အလေးချိန်ထိန်းဖို့ အကောင်းဆုံးနည်းလမ်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        သွေးဆုံးပြီးချိန်မှာအမျိုးသမီးတွေဟာ ဟော်မုန်းအပြောင်းအလဲကြောင့်သော်လည်းကောင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းကြောင့်သော်လည်းကောင်း ၀လာလေ့ရှိပါတယ်။ ၀ခြင်းကို အခြေခံပြီး သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါတို့ ပိုပြီးအဖြစ်လွယ်ပါတယ်။ ဒါ့အပြင် အ၀လွန်လာတာကြောင့် ကိုယ်ကိုယ်ကိုယုံကြည်မှုလည်း လျော့နည်းစေပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ကျဆင်းစေမယ့် အဆင့် (4) ဆင့်ကို ဖော်ပြလိုက်ပါတယ်။ လိုက်လုပ်ကြည့်ပါက အကျိုးများမယ်လို့ယုံကြည်ပါတယ်။

အဆင့် - 1

          အေရိုးဗစ် လေ့ကျင့်ခန်းတစ်နေ့လျှင် 45 မိနစ်ခန့် လုပ်ပေးပါ။ အေရိုးဗစ်ကစားခြင်းက နှလုံး ကျန်းမာရေးကို ကောင်းမွန်စေသလို ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေပါတယ်။ အထူးသဖြင့် အထိုင်များတဲ့အမျိုးသမီးတွေက အေရိုးဗစ်ကစားပေးဖို့ အထူးလိုအပ်ပါတယ်။ အေရိုဗစ်ကိုပုံမှန် ကစားပေးခြင်းဖြင့် ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ရုံသာမက စိတ်ရောဂါကိုယ်ပါ တည်ငြိမ်အေးချမ်းပြီး စွမ်းဆောင်ရည်ကိုအပြည့်အ၀ရရှိစေမှာဖြစ်ပါတယ်။

အဆင့် - 2

          တစ်နေ့တာအတွက် လိုအပ်မယ့်ကယ်လိုရီပမာဏထက် 10% လျော့စားပါ။ အသက်ကြီးလာတာနဲ့အမျှ ပိုလျှံတဲ့ကယ်လိုရီတွေက ခါးတ၀ိုက်မှာစုလာပါတယ်။ ခါးတ၀ိုက်မှာစုတဲ့ အဆီတွေဟာ ပြည့်၀ဆီတွေဖြစ်တာကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါဖြစ်ပွားနှုန်းကို မြင့်တက်စေပါတယ်။ ဒါကြောင့် သတ်မှတ်ထားတဲ့ ကယ်လိုရီပမာဏကိုသာစားသုံးပြီး သစ်သီး၀လံများ၊ အဆီထုတ်ထားတဲ့ အသားများ၊ ကောက်နှံပါ၀င်တဲ့ အစားအစာများကို ဦးစားပေးစားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်နိုင်ချေကိုလျော့ချပါ။

အဆင့် - 3

          အဆီပမာဏလျော့စားပါ - ဆယ်လမွန်းငါး၊ မက်ကရယ်ငါး၊ သံလွင်ဆီနဲ့ ဗာဒံစေ့လိုမျိ်ုး အစေ့အဆံတွေမှာ ပါ၀င်တဲ့အဆီက ကျန်းမာရေးကောင်းမွန်စေတဲ့အဆီဖြစ်တာကြောင့် ၎င်းအစားအစာတွေကိုစားသုံးပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဆီပမာဏကို ဖြည့်တင့်ပါ။

အဆင့် - 4

          ရေဆာမှ ရေသောက်တာမျိုးမလုပ်ပါနှင့် တစ်နေ့ကိုရေ 2 လီတာနဲ့အထက်သောက်သုံးပေးပါ။ ခန္ဓာကိုယ်မှာရေဓါတ်ခန်းခြောက်နေပါက ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အားနည်းခြင်းတို့ကို ခံစားရပါတယ်။ ဇီ၀ရုပ်ဖြစ်စဉ်များလုပ်ဆောင်ခြင်း၊ အဆီများလောင်ကျွမ်းခြင်းစတဲ့ လုပ်ငန်းများအတွက် ရေကိုမရှိမဖြစ် လိုအပ်တာကြောင့် ရေဓါတ်ပြည့်၀အောင်နေပါ။

 

 

Dr. Htet Htet Aung

www.drmyanmar.com