/
node/3933

မွေးကင်းစကလေးငယ်အား အိပ်ရာနှိုး၍ နို့်တိုက်သင့်သလား

Category
ကလေးများနှင့်ကျန်းမာရေး

       မွေးကင်းစကလေးငယ်အများစုဟာ မွေးပြီးရက်ပိုင်းအတွင်း ကိုယ်အလေးချိန်နည်းနေတတ်တာကြောင့် ကလေးပေါင်ချိန်တက်လာစေဖို့အတွက် မိခင်နို့ရည်ကိုမကြာမကြာတိုက်ကျေွးသင့်ပါတယ်။ တစ်နေ့လျှင် 8-12 ကြိမ်တိုက်ကျေွးဖို့လိုအပ်ပြီး 2 နာရီခြား-3 နာရီခြားတိုင်း တိုက်ပေးသင့်ပါတယ်။ ဒါကြောင့် ကလေးက 4 နာရီကျော်ကြာအိပ်စက်နေပါက အိပ်ရာမှနှိုးပြီး နို့ချိုတိုက်ကျေွးဖို့လိုအပ်ပါတယ်။

        ကလေးငယ်မှာပေါင်ချိန်ပြည့်လာပြီး ပြည့်ပြည့်ဖြိုးဖြိုးလေးဖြစ်လာပြီဆိုရင်တော့ တရေးနှိုးပြီးနို့တိုက်ကျေွးစရာမလိုတော့ပါဘူး။ ကလေးနိုးလာမှသာ နို့တိုက်ကျေွးလို့ရပါတယ်။

        မွေးကင်းစကလေးငယ်လေးတွေထဲမှ ပေါင်ချိန်မပြည့်ဘဲ မွေးလာတဲ့ကလေးဆိုရင် ဆာလောင်နေကြောင်းလက္ခဏာလည်း ပြသခြင်းမရှိတဲ့အတွက် အာဟာဖြည့်တင်းပေးရန် အထူးဂရုပြုဖို့လိုအပ်ပါတယ်။ ဒါကြောင့် မိမိကလေးဟာပေါင်ချိန်မပြည့်မီဘဲ မွေးလာသောကလေးဖြစ်လျှင် သို့မဟုတ် ကလေးကိုယ်အလေးချိန်မတက်လျှင် မိဘတွေအနေနဲ့ ကလေးပေါင်ချိန်ပြည့်လာဖို့ ဘယ်လိုတွေ လုပ်ဆောင်သင့်လဲဆိုတာ ဆရာ၀န်နဲ့တိုင်ပင်သင့်ပါတယ်။

 

CMS

www.drmyanmar.com