/
node/3945

ပုတ်သင်ညို (သို့) အဖော်အတွက် ဆောင်ပုဒ်ပြိုင်ပွဲ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

          PSI Myanmarမှ စီစဉ်သည့် Aphaw ဆောင်ပုဒ်ပြိုင်ပွဲကို ယခုလမှစတင်ကာ ရက်သတ္တ ပတ်နှစ်ပတ်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဇွန်လ 10 ရက် နေ့က ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ပြုလုပ်ခဲ့သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ထုတ်ပြန်ကြေငြာခဲ့သည်။

          ဆောင်ပုဒ်ပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်လိုသူများအနေဖြင့် ဇွန်လ 20 ရက်နေ့မှ ဇူလိုင်လ 3 ရက်နေ့အတွင်း မိမိကိုယ်တိုင်ရေးသားဖန်တီးထားသည့် စာလုံးရေ 15 လုံးထက် မပိုသော''Aphaw''ဆောင်ပုဒ်ကို ''Aphaw Myanmar Facebook''သို့ ပေးပို့ရမည်ဖြစ်ကာ ယှဉ်ပြိုင်သူများထံမှ ဆောင်ပုဒ် message လက်ခံရရှိသည်နှင့် ပြိုင်ပွဲကျင်းပသူဘက်မှ auto reply messageဖြင့် စာသားလက်ခံရရှိကြောင်းကို အကြောင်းပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။

          ရွေးချယ်ခံရသည့် ပြိုင်ပွဲ၀င်တစ်ဦးကို “Aphaw Slogan Contest Winner” အဖြစ် PSI Myanmar မှ ရွှေတစ်ကျပ်သားဆု ချီးမြှင့်မည်ဖြစ်ကာ ဆောင်ပုဒ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်သူများထဲမှလည်း ထပ်မံ၍ ကံထူးရှင်၃ဦးကိုရွေးချယ်ပြီး Alexendre Christine လတ်ပတ်နာရီတစ်လုံး၊ Samsung ဖုန်းဟန်းဆက်တစ်လုံးနှင့် တစ်မတ်သားရွှေဆွဲကြိုးတစ်ကုံးတို့ကို မဲဖောက်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် ''Aphaw Slogan Contest Post''ကို ပြိုင်ပွဲကျင်းပနေစဉ်အတွင်း Like and Share လုပ်ပေးသူများအတွက်လည်း 5000 ကျပ်တန် ဖုန်းငွေဖြည့်ကဒ်ပေါင်း 100 ကဒ်ကို မဲဖောက်ပေးသွားရန် အစီအစဉ်များ ပြုလုပ်ထားကြောင်း သိရသည်။

          ပြိုင်ပွဲအား အကဲဖြတ်ရွေးချယ်နိုင်ရန် ဒိုင်လူကြီးများအဖြစ် PSI Myanmar မှ တာ၀န်ရှိသူများ၊ သရဖူမဂ္ဂဇင်းအယ်ဒီတာချုပ် ဒေါ်နန်းအိအိဇာ ၊ ဒေါက်တာဦးသန်းထွဋ် (ခ) စာရေးဆရာ လင်း(ဆေး-၁)၊ Driector (Sky Net Health Channel)နှင့် တေးရေးတေးဆို Cobraတို့မှ ပါ၀င်ဆုံးဖြတ်ရွေးချယ်သွားမည်ဖြစ်ပြီး ဆောင်ပုဒ်ပြိုင်ပွဲ၀င်များထဲမှ Winner ဆုရှင်နှင့် ကံထူးရှင်၃ဦးကို ဇူလိုင်လဒုတိယပတ်၌ Facebook Page မှ အသိပေးကြေငြာမည်ဖြစ်ကာ ဆုပေးပွဲအခမ်းအနားကို ဇူလိုင်လနောက်ဆုံးရက်သတ္တပတ်တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

 

May Su Hlaing

www.drmyanmar.com