အမျိုးသမီးများတွင် ဆီးချိုရောဂါပိုဖြစ်လာတယ်လို့ WHO ထုတ်ပြန်
ယခင်နှစ်တွေထက်စာရင် ဆီးချိုေ၀ဒနာခံစားနေရသူ အမျိုးသမီးအရေအတွက်များပြားလာတယ်လို့ WHO ကဆိုပါ တယ်။ The lancet မှာ ဖော်ပြထားတဲ့ WHO အစီရင်ခံစာအသစ်အရ ကမ်ဘာတ၀န်းတွင် ခန့်မှန်းခြေအားဖြင့် ဆီးချိုေ၀ဒနာရှင်ပေါင်း 422 မီလီယံရှိပြီး ဒါဟာ 1980 ပြည့်နှစ်ကထက် 4 ဆ ပိုများလာတာဖြစ်ပါတယ်။
ယနေ့ခေတ်တွင် အမျိုးသမီးများအနက် 8 ရာခိုင်နှုန်းနီးပါး ဆီးချိုရောဂါခံစားနေရပြီး အခုနှုန်းအတိုင်း သာဆက်သွားပါက 2025 တွင် တစ်ကမ်ဘာလုံး၌ ဆီးချိုေ၀ဒနာရှင်ပေါင်း 700 မီလီယံဖြစ် လာပြီး အမျိုးသမီး 10.4% မှာ ဆီးချို ရောဂါေ၀ဒနာရှင်တွေဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဆီးချိုရောဂါဖြစ်ပွားနှုန်းဟာ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှိရှိမဖွံ့ဖြိုးသေးသော နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ တွင် မြင့်မားလျက်ရှိပြီး အ၀လွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ကျမ်းမာရေးနှင့် ညီညွတ်သော နေထိုင်စားသောက်မှုပုံစံ မရှိခြင်းတို့က ဆီးချိုရောဂါမြင့်မားတဲ့ အကြောင်းရင်းတွေပဲဖြစ်ပါတယ်။
WHO က ပြုစုထားတဲ့ စစ်တမ်းများအရ အမျိုးအစား (1) ဆီးချိုရောဂါနှင့် အမျိုးအစား (2) ဆီးချိုရောဂါကို ခွဲခြားပြီး စာရင်းပြုစုထားခြင်း မရှိပါဘူး။ အမျိုးအစား (1) က အသက်ငယ်သူတွေမှာဖြစ်ပြီး အမျိုးအစား (2) က အသက်ကြီးသူတွေမှာအဖြစ်များပါတယ်။
Dr. Htet Htet Aung






























