အသားအရေကို အမြဲတမ်းကြည်လင်တောက်ပနေစေရန် လုပ်ဆောင်သင့်သည့်နည်းလမ်းများ
- ဆေးလိပ်သောက်ခြင်းဟာအရွယ်မတိုင်ခင်အိိုမင်းရင့်ရော်စေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်း မှ ရှောင်ကျဉ်ပါ။
- အသားအရေစိုပြည်နေစေဖို ့အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ အဆီနည်းသောအသားနဲ ့ဂျုံနဲ ့လုပ် ထားတဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။
- လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် သွေးလည်ပတ်မှုကောင်းစေပြီး၊ ချွေးနဲ ့အတူအရေပြားမှ အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးတာကြောင့် ဆဲလ်အသစ်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ။
- စိတ်ထောင်းကိုယ်ကြေဆိုတဲ့အတိုင်းစိတ်ဖိစီးမှုများခြင်းဟာအိုမင်းရင့်ရော်မှုကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှု လျော့စေရန် ရေများများသောက်ပါ။
- နေရောင်ခြည်တိုက်ရိုက်ထိတွေ ့ခြင်းမှ ရှောင်ကျဉ်ပါ။ နေရောင်ခြည်ဟာအသားအရေကိုများစွာပျက် စီးစေပါတယ်။
Cho Thet






























