/
node/4027

နို့စို့ကလေးများကို ဖြည့်စွက်စာစတင်ကျေွးသင့်သောအချိန်

Category
ကလေးများနှင့်ကျန်းမာရေး

        ကလေးအသက် 6 လသားအရွယ်မှာ ဖြည့်စွက်စာစတင်ကျေွးသင့်ပါတယ်။ တချို့မိခင်တွေအနေနဲ့ ကလေး 4 လသားအရွယ်အထိသာ မိခင်နို့ရည်တိုက်ကျေွးပြီး နို့မှုန့်အစားထိုးကာဖြည့်စွက်စာ စတင်ကျေွးတတ်ကြပါတယ်။

          ကလေးအရွယ်မရောက်သေးမီဖြည့်စွက်စာ စကျေွးခြင်းကြောင့် ကလေးငယ်စားသုံးလိုက်တဲ့ အစာတွေဟာလေပြွန်ထဲသို့ မှားယွင်း၀င်ရောက်ခြင်း၊ လုံလောက်တဲ့ အာဟာရဓာတ်မရရှိခြင်း တို့ဖြစ်နိုင်တဲ့အပြင် အ၀လွန်တဲ့ကလေးတစ်ယောက်ဖြစ်စေဖို့ အခွင့်အလမ်းပိုများစေပါတယ်။

        နို့မှုန့်၊ မိခင်နို့ရည်ကို လုံး၀မတိုက်ကျေွးတော့ဘဲ ဖြည့်စွက်စာကိုသာအစားထိုးကျေွးမယ်ဆိုပါက ကလေးဖွံ့ဖြိုးကြီးထွားနှုန်းနှေးခြင်း၊ အစာကိုကောင်းစွာမချေဖျက်နိုင်သေးတဲ့အတွက် ၀မ်းလျှောခြင်း စသည်တို့ဖြစ်စေနိုင်ပါတယ်။

        ကလေးငယ်လေးတွေကိုအနည်းဆုံး 17 ပတ်မကျော်မီ ဖြည့်စွက်စာလုံး၀မကျေွးသင့်သလို 7 လ-8 လ သားအရွယ်မှ ဖြည့်စွက်စာစကျေွးခြင်းမျိုးလည်း မလုပ်သင့်ပါဘူး။ ယင်းကဲ့သို့ ဖြည့်စွက်စာကျေွးရမယ့် အချိန်ထက် နောက်ကျမှကျေွးခြင်းကြောင့် ကလေးအားအစာကျေွးဖို့ခက်ခဲသွားနိုင်ပြီး အစာအာဟာရ လုံလောက်စွာ မစားသုံးရခြင်းကြောင့် ဖွ့ံထွားမှုနှေးကွေးသွားပါလိမ့်မယ်။

        ဒါ့အပြင် ကလေးမှာသံဓာတ်လည်းချို့တဲ့စေနိုင်ပါတယ်။ မွေးဖွားလာစဉ်ကတည်းက ကလေးရဲ့ခန္ဓာကိုယ်ထဲမှာ သံဓာတ်အလုံအလောက်ပါရှိတယ်ဆိုပေမယ့် ကလေးအသက် 6 လကျော်သွားတာနဲ့ ကိုယ်တွင်းသိုလှောင်ထားတဲ့ သံဓာတ်တွေဟာ ကုန်ခမ်းသွားပါတယ်။ ဒါကြောင့် သံဓာတ်ကြွယ်၀တဲ့ အစားအစာတွေနဲ့ မဖြည့်စွမ်းပေးနိုင်ပါက သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါ ရစေနိုင်ပါတယ်။

        ကလေးအားဖြည့်စွက်စာကျေွးချိန်မတိုင်မီကျေွးခြင်းကြောင့် ကလေးမှာပန်းနာ ရင်ကျပ်ရောဂါ၊ နှာစေးချောင်းဆိုးရောဂါ၊ နှင်းခူရောဂါနဲ့ အစာဓာတ်မတည့်ခြင်းကို ခံစားရစေနိုင်တဲ့အတွက် မိဘတွေအနေနဲ့ မိမိတို့ရင်သွေးငယ်လေးတွေအားဖြည့်စွက်စာကျေွးဖို့ စိတ်ဆန္ဒမစောမိစေဖို့ အထူးဂရုပြုသင့်ပါတယ်။

 

 

CMS

www.drmyanmar.com