အမျိူးသားများတွင် နှလုံးတိုက်ခိုက်ခံရခြင်း၏ရှေ့ပြေးလက္ခဏာများ
နှလုံးတိုက်ခိုက်ခံရမှုဟာ အသက်အန္တရာယ်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်တဲ့အခြေအနေ တစ်ရပ်ဖြစ်ပေမယ့် တခါတရံမှာလူအများစုက နှလုံးတိုက်ခိုက်ခံရမှန်းမသိကြပါဘူး။ နှလုံးတိုက်ခိုက်ခံရခြင်းမှ အချိန်မီကုသနိုင်ရန် အတွက် နှလုံးတိုက်ခိုက်ခံရချိန်မှာ ဖြစ်ပေါ်လာတဲ့လက္ခဏာတွေကိုသိထားသင့်ပါတယ်။
နှလုံးတိုက်ခိုက်ခံရတယ်လို့ဆိုလိုက်ရင် လူအများစုကရင်ဘတ်အောင့်လို့ ဖြေကြပါတယ်။ တကယ်တော့ နှလုံးတိုက်ခိုက်ခံရခြင်းရဲ့ လက္ခဏာတွေက အသက်အရွယ်၊ ယောကျ်ား၊ မိန်းမ၊ နှလုံးရောဂါ အမျိုးအစားပေါ်မူတည်ပြီး ကွဲပြားနိုင်ပါတယ်။
အမေရိကန် နှလုံးရောဂါဆိုင်ရာအဖွဲ့အစည်း၏အဆိုအရ နှလုံးတိုက်ခိုက်ခံရမှုဟာ အသက် 45 နှစ် နှင့် အထက် အမျိုးသားတွေမှာသိသိသာသာမြင့်မားလျက်ရှိတယ်လို့ သိရပါတယ်။ အထူးသဖြင့် မိသားစုမျိုးရိုး ထဲတွင် နှလုံးရောဂါရှိခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း၊ အ၀လွန်ခြင်းနှင့် ဆေးလိပ်သောက်ခြင်း စတဲ့အချက်တွေဟာ နှလုံးတိုက်ခိုက်ခြင်းခံရမှု အခွင့်အလမ်းကို ပိုများစေပါတယ်။ နှလံးတိုက်ခိုက်ခံရခြင်းရဲ့ လက္ခဏာများမှာ -
- ရင်ဘတ်တွင် ညှစ်ဆွဲထားသလိုအောင့်ခြင်း
- ရင်ဘတ်ပေါ်တွင် ကျောက်တုံးတင်ထားရသကဲ့သို့ လေးလံခြင်း
- ရင်တုန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း
- အသက်ရှူမ၀ခြင်း၊ ခြေဖျားလက်ဖျားအေး၍ချေွးစေးပြန်ခြင်း
- ပျို့အန်ခြင်း၊ မူးေ၀ခြင်း
- မေးရိုး၊ လည်ပင်း၊ လက်မောင်း၊ ပခုံးသို့ ရင်ဘက်တွင် နာကျင်မှုကိုခံစားရခြင်းတို့ပဲဖြစ်ပါတယ်။
Dr.Htet Htet Aung






























