/
node/4081

ရှားပါးအခြေအနေတခုကြောင့် အသက် 80 အရွယ်ဖြစ်နေတဲ့ 4 နှစ်သား ကလေးငယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အသက် 4 နှစ်အရွယ် Bayezid Hossamin ကလေးငယ်ဟာ ရှားပါးအခြေအနေတခုကြောင့် အသက် 80 အရွယ်အဘိုးအိုလေးကဲ့သို့ဖြစ်နေပါတယ်။

          ပါးရေတွန့်တွန့်၊ မျက်တွင်းခြောင်ခြောင်၊ အသားရေလျော့တိလျော့ရဲ ဖြစ်နေတဲ့ ကလေးငယ်ကို အသက် 4 နှစ်အရွယ်လို့ ပြောမယ်ဆိုရင် ယုံကြမှာမဟုတ်ပါဘူး။ Bayezid လေးဟာ progeria လို့ခေါ်တဲ့ အရွယ်မတိုင်မီ ဇရာအိုတဲ့ အခြေအနေတစ်ရပ်ကို ခံစားနေရတာဖြစ်ပါတယ်။

          Progeria ဖြစ်တဲ့လူတွေရဲ့ အသက်အရွယ်ကြီးနှုန်းဟာ သာမာန်ထက် 8 ဆ ပိုမြန်ပြီး ပျမ်းမျှအားဖြင့် အသက် 13 နှစ်အရွယ်မှာ နှလုံးတိုက်ခိုက်ခံရခြင်း (သို့) လေဖြတ်ခြင်းကြောင့် သေဆုံးလေ့ရှိပါတယ်။

          Bayezid လေးဟာ အသက် 3 နှစ်အရွယ်ရောက်မှ လမ်းစလျှောက်နိုင်ပေမယ့် 3 လအရွယ်မှာကတည်းက သွားအပြည့်အစုံပေါက်နေပြီဖြစ်ပါတယ်။ အသက်ကြီးလာချိန်မှာဖြစ်လေ့ဖြစ်ထရှိတဲ့ အရိုးအဆစ်များနာကျင်ကိုက်ခဲခြင်း၊ အားနည်းခြင်း၊ သွားကျိုးခြင်း၊ ဆီးသွားရာတွင်ခက်ခဲခြင်း စတဲ့ေ၀ဒနာတွေကို ခံစားရနေရပြီး မှတ်ဉာဏ်ပိုင်းဆိုင်ရာကို ထိခိုက်ခြင်းမရှိတာကြောင့် ဉာဏ်ရည်ဉာဏ်သွေးက အခြားသောကလေးများနှင့်ယှဉ်ရင် ပိုပြီးထက်မြက်တယ်လို့ Bayezid လေးရဲ့ဖခင် Lovelu က ဆိုပါတယ်။

          Progeria အပြင် Cutis Laxa လို့ခေါ်တဲ့ ရှားပါးတွယ်ဆက်တစ်သျှူးရောဂါကို ခံစားနေရတာကြောင့် အရေပြားတွေ လျော့ရဲကျနေတဲ့ Bayezid ကို ပတ်၀န်းကျင်ရှိ ကလေးတွေကကြောက်ရွံပြီး အတူတူမကစားကြတာကြောင့် ကျောင်းမတက်နိုင်တဲ့ ကလေးငယ်အတွက် မိဘနှစ်ပါးလုံးက စိတ်မကောင်းဖြစ်ကြပါတယ်။

          Bayezid ကို Government maternity hospital မှာ မွေးဖွားခဲ့ပြီး မိဘတွေက ကလေးရဲ့အခြေအနေကို ဆရာ၀န်တွေနဲ့ ပြသကြည့်ခဲ့ပေမယ့် တဦးတယောက်ကမှကူညီနိုင်ခြင်းမရှိဘဲ Dhaka Medical College Hospital ကဲ့သို့သော နေရာတွေမှာ အထူးစောင့်ရှောက်မှုခံယူဖို့သာ အကြံပြုချက်တွေ ရခဲ့ကြပါတယ်။

          မိသားစုကချို့တဲ့တာကြောင့် ကလေးငယ်ကိုအကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်ပါ့မလားဆိုတာနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ Bayezid အဖေ Lovelu ကဆိုပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com