ပန်းကလေးများထံမှ ပေးစာများ (အပိုင်း-3)
"ပန်းကလေးများထံမှ ပေးစာများ" အစီအစဉ်ကနေ မေးမြန်းလာတဲ့ မေးခွန်းလေးကတော့...
မေးခွန်း (1) ။ ။
လေးစားရပါသောသားဖွားနှင့်မီးယက်အထူးကုဆရာဝန်ကြီးရှင့်...
ကျွန်မက မကွေးမြို့ကပါ။ ကျွန်မအသက်၂၄နှစ်ပါ။ အိမ်ထောင်ကျတာ ၃နှစ်ရှိပါပြီရှင့်။ အမျိုးသားက ၃၁ နှစ် ပါ။ ကျွန်မ ရာသီလဲမှန်ပါတယ်ရှင့်။ အခုက ကလေးလိုချင်တာမရလို့ပါရှင်။ အိမ်ထောင်ကျပြီးကတည်းက တားဆေးမသုံးပါဘူးရှင့်။ ဆေးတွေလဲ စုံနေပါပြီရှင့်။ ဘယ်လိုလုပ်ရမလဲဆိုတာ အကြံဉာဏ်လေးပေးပါအုံးရှင့်။
မေးခွန်း (2) ။ ။
ဆရာကြီးရှင့် သမီးကအိမ်ထောင်ရှင်ပါ။ သမီးအိမ်ထောင်ကျတာသုံးနှစ်ရှိပါပြီ။
ခလေးယူမို့ဆေးဖြတ်တာတနှစ်ရှိပါပြီ။ ဆေးဖြတ်ပြီး 7 လလောက် သွေးမပေါ်ပါဘူးရှင်။ နောက်ပေါ်လဲပေါ်ရော မရပ်တော့ဘ 6လ လောက်ဆက်တိုက်ပေါ်နေပါတယ်။ OG နဲ့ပြပြီး ဆေးသောက်တော့ ဆေးသောက်တုန်းပဲကောင်းပြီး ဆေးပြတ်တာနဲ့သွေးပြန်ပေါ်နေပါတယ်။ ခလေးယူချင်နေပါတယ်။ သမီးအသက်က 29နှစ်ရှိပါပြီ ။ ဘာလုပ်ရမယ်ဆိုတဲ့ အကြံကောင်းလေးများ မျှဝေပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင့်။ ကျေးဇူးအထူးတင်ပါတယ်ရှင့်။
မေးခွန်း (3) ။ ။
မင်္ဂလာပါ…
ကျွန်မအသက်က ၃၈ နှစ်ရှိပါပြီ။ အမျိုးသားက ၃၁ နှစ်ပါ။ အိမ်ထောင်သက်က တစ်နှစ်နဲ့ရှစ်လ ရှိပါပြီ။ သားသမီးမရသေးပါဘူး။ လစဉ်ရာသီလာပါတယ်။ တစ်လနဲ့တစ်လရာသီလာတဲ့ရက်တွေက စောစောလာပါတယ်။တစ်လကို နှစ်ရက် ရှေ့တိုးလာပါတယ်။ သုံးလပိုင်းနဲ့ ငါးလပိုင်းက ရာသီလာတာ နဲနဲထူးဆန်းနေပါတယ်။ ရာသီပေါ်တဲ့ ပထမဆုံးရက်မှာပဲ သွေးဆင်းတာ အရမ်းများပါတယ်။ ရေသွန်လိုက်သလိုပါပဲ။ နောက်ရက်တွေတော့ ပုံမှန်အတိုင်း ပြန်ဖြစ်ပါတယ်။ ကိုက်တာခဲတာ လုံးဝမရှိပါဘူး။ အခုပြီးသွားတဲ့ ခြောက်လပိုင်းကတော့ ပုံမှန်အတိုင်းပါပဲ။ အဲဒါ သားသမီးရအောင် ဘယ်လိုလုပ်သင့်လဲဆိုတာ အကြံပေးပါဦးရှင့်။
မေးခွန်း (4) ။ ။
ဆရာရှင့်….
သမီးက သန္တာပါ။ အသက် ၃၂ ပါ။ ကလေးမရသေးလို့ ဘယ်လိုစစ်ဆေးမှုမျိုးလုပ်သင့်လဲဆိုတာ သိချင်လို့ပါရှင့်။






























