ကိုယ်၀န်ဆောင်နှင့် လိပ်ခေါင်း
သွေးလည်ပတ်မှုမြင့်တက်လာခြင်းနဲ့ သနေ္ဓသားရဲ့ဖိအားသက်ရောက်မှုများကြောင့် လိပ်ခေါင်းေ၀ဒနာကို ခံစားရနိုင်ပါတယ်။ လိပ်ခေါင်းေ၀ဒနာသက်သာစေရန် -
1. အမျှင်ဓာတ်ကြွယ်၀တဲ့ အစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပါ။
2. တစ်နေ့ကို ရေဖန်ခွက် 6 ခွက်မှ 8 ခွက်ထိ သောက်ပေးပါ။
3. ကောက်ညှင်းနဲ့ ပြုလုပ်ထားတဲ့ မုန့်တွေမစားပါနဲ့။
4. ၀မ်းလုံး၀ အချုပ်မခံပါနဲ့။ ၀မ်းကို တအားညှစ်ပြီး မသွားပါနဲ့။
5. ၀မ်းသွားပြီးလို့ သန့်ရှင်းရေးလုပ်ရင်လည်း ငြင်သာစွာ လုပ်ပါ။ တစ်သျှူးအခြောက်အစား တစ်သျှူးအစို (Wet Tissue) ကို သုံးပေးပါ။
6. အကြာကြီးမတ်တပ်ရပ်ခြင်း၊ ထိုင်ခြင်းတို့ကိုရှောင်ရှားပါ။
7. ပေါ့ပေါ့ပါးပါး လုပ်ရမယ့် လေ့ကျင့်ခန်း တစ်မျိုးမျိုးကို ပုံမှန်လုပ်ပါ။ (ဥပမာ - လမ်းလျှောက်ခြင်း)
8. လိပ်ခေါင်းဖြစ်တဲ့နေရာကို ရေခဲကပ်ပေးပါ။
9. တင်းကျပ်တဲ့အတွင်းခံများ၀တ်ခြင်းကိုရှောင်ရှားပါ။
Dr. Htet Htet Aung






























