/
node/4237

ကိုယ်အလေးချိန်လျော့ချဖို့ အရေးကြီးဆုံးအရာ

Category
အလှအပနှင့်ကျန်းမာရေး

        ကိုယ်အလေးချိန်လျှော့ချတော့မယ်ဆိုရင်  လူတိုင်းလိုလိုက  လေ့ကျင့်ခန်းလုပ်ရမယ်၊  ကယ်လိုရီနည်းတဲ့ အစာတွေစားရမယ်လို့သာ ဟစ်ကြွေးကာ   အကောင်အထည်ဖော်ဖို့အားထုတ်တတ်ကြပေမယ့်  ကိုယ်အလေးချိန်ချချင်စိတ် အမှန်တကယ်ရှိရဲ့လားဆိုတာကိုတော့ လျစ်လျူရှုထားမိတတ်ကြပါတယ်။

        မိမိအနေနဲ့ ကိုယ်အလေးချိန်လျှော့ချချင်စိတ်မပြင်းပြဘဲ ၀ိတ်လျှော့ဦးမှပါဟုပေါ့ပေါ့တန်တန် သဘောထားကာလုပ်ဆောင်ခြင်းကြောင့်   လိုရာပန်းတိုင်ကို မရောက်မီမှာပဲ  လက်လျှော့လိုက်ကြသူတွေများပါတယ်။

        လေ့လာမှုတွေအရ ကိုယ်အလေးချိန်လျှော့ချမယ်လို့ ဆုံးဖြတ်ပြီးပြီဆိုတာနဲ့တပြိုင်နက်  လေ့ကျင့်ခန်း လုပ်ဖို့သာ အရေးကြီးတယ်ဟု ထင်သူ 31 ရာခိုင်နှုန်းရှိပြီး   အစားလျှော့စားဖို့သာ အဓိကကျတယ်လို့တွေးသူ 26 ရာခိုင်နှုန်းရှိကာ 17 ရာခိုင်နှုန်းကတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘ၀နေထိုင်မှုပုံစံအတွက် ကုန်ကျမှုအပေါ်အပြစ်တင်တတ်ကြပါတယ်။ 10 ယောက်မှာ 1 ယောက်လောက်သာလျှင်  ကိုယ်အလေးချိန်လျှော့ချရာမှာ  စိတ်ကအရေးကြီးဆုံးဖြစ်တယ်လို့  နားလည်သဘောပေါက်ထားတတ်ကြပါတယ်။ 

        စင်စစ်မှာ မိမိကိုယ်တိုင်က ကိုယ်အလေးချိန်လျှော့ချချင်စိတ်ရှိခြင်းသာ  အခြေခံကျပြီး စိတ်က ဦးဆောင်နေမှသာ အစားအစာအပေါ် စွဲလမ်းစိတ်၊ ပျင်းရိချိန်၊ စိတ်ညစ်တဲ့အချိန်မှာ  အစားစားပြီးနှစ်သိမ့်လေ့ရှိတဲ့  အရိုးစွဲနေတဲ့အကျင့်ကို  ပြုပြင်နိုင်မှာဖြစ်ကာ လေ့ကျင့်ခန်းကိုလည်း ဇွဲရှိရှိနဲ့  မိမိလိုချင်တဲ့ပန်းတိုင်ရောက်သည်အထိ  မပျက်မကွက်လုပ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ချလိုစိတ်သာ အဓိကကျတယ်လို့ဆိုရမှာပါ။

         ဒါကြောင့် ကိုယ်အလေးချိန်လျှော့ချလိုတဲ့ မည်သူမဆို ကိုယ်အလေးချိန်လျှော့ချချင်တဲ့ ပြင်းပြတဲ့ စိတ်ဓာတ်တစ်ခုသာ လိုအပ်တယ်လို့ဆိုချင်ပါတယ်။ 

 

Cho Thet

www.drmyanmar.com