/
node/4418

ကမ္ဘာ့လက်ဆေးရေးနေ့ အထိမ်းအမှတ်အဖြစ် Lifebuoy ဆပ်ပြာမှ အခြေခံပညာ အထက်တန်းကျောင်းတွင် ရောဂါကာကွယ်ရေး အသိပညာပေးခြင်း ကျင်းပ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

          ရောဂါကာကွယ်နိုင်ရန်နှင့် အသက်ဆုံးရုံးမှုများကို ကာကွယ်နိုင်ရန် အလွယ်ကူဆုံး၊ အထိရောက်ဆုံးနှင့် အကုန်အကျ အနည်းဆုံးသောနည်းလမ်းဖြစ်သည့် ဆပ်ပြာဖြင့်လက်ဆေးခြင်း၏ အရေးပါမှုကို အသိပညာပေးရန် ရည်ရွယ်ချက်ဖြင့် Unilever Myanmar (Lifebuoy) မိသားစုမှ ကမ္ဘာ့လက်ဆေးရေးနေ့ အထိမ်းအမှတ်ကို အောက်တိုဘာလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (အမှတ်-၄) အလုံတွင် ကျောင်းသားကျောင်းသူပေါင်း ၁၀၀၀ ကျော်အား ကျန်းမာရေး အသိပညာပေးခြင်းအနေဖြင့် ပြုလုပ်ခဲ့သည်။

          Unilever ၏ ကျန်းမာရေး ဆပ်ပြာအမှတ်တံဆိပ်တစ်ခုဖြစ်သော Lifebuoy သည် 'Help A Child Reach 5' (ကလေးအသက် ၅ နှစ်ပြည့်ဖို့ တို့တွေကူညီစို့) လှုပ်ရှားမှုတစ်ရပ်အနေဖြင့် လူအများဆုံး တစ်ပြိုင်နက်တည်းခုန်၍ High 5 (လက်ဝါးရိုက်ခြင်း) ပြုလုပ်ကာ ဂင်းနစ်မှတ်တမ်းစံချိန် ချိုးမည့်အခမ်းအနားကို အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ အလုံတွင် ၉ ကြိမ်မြောက် ကမ္ဘာ့လက်ဆေးရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျင်းပလုပ်ဆောင်ခဲ့သည်။ ကလေးငယ်များ အသက်ဆုံးရှုံးမှု လျှော့ချရာတွင် လက်ကို ဆပ်ပြာနှင့် သန့်ရှင်းစင်ကြယ်စွာ ဆေးကြောခြင်း၏ အရေးပါမှုကို သိရှိစေရန် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ Lifebuoy ၏ သံတမန်ဖြစ်သော ချစ်သုဝေ၊ အခမ်းအနားမှူး ကိုကောင်းထက်ဇော်၊ Unilever မှ ဝန်ထမ်းများနှင့်အတူ ကျောင်းသား၊ ကျောင်းသူပေါင်း ၁၀၀၀ သည် အခမ်းအနားကို ပါဝင်တက်ရောက်ခဲ့ကြသည်။

          "ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်တွေကို ပြည်သူလူထု၊ အထူးသဖြင့် ငယ်ရွယ်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေ သိအောင်လုပ်ဖို့အတွက် ဒီလို ကမ္ဘာ့လက်ဆေးရေးနေ့မှာ ကျင်းပတဲ့ High 5 လုပ်တဲ့ပွဲမျိုးဟာ အလွန်အရေးကြီးပါတယ်။ ကလေးတွေဟာ သူတို့သူငယ်ချင်းတွေ၊ မိဘတွေ၊ ပတ်ဝန်းကျင်တွေပေါ်မှာ သက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ ပညာရေးဝန်ကြီးဌာနက ဒီလို 'Help a Child Reach 5' ပညာပေးအစီအစဉ်တွေကို ကူညီပံ့ပိုးတာ ဖြစ်ပါတယ်" ဟု ဒေါ်သီတာခိုင် (ပညာရေးဝန်ကြီးဌာန၊ မြို့နယ်ပညာရေးမှူး၊ အလုံ) က ပြောကြားခဲ့ပါသည်။

 

          "ကလေးတွေကို အသက်အန္တရာယ်ပေးနေတဲ့ ဝမ်းပျက်ဝမ်းလျှောနဲ့ အဆုတ်ရောင်ရောဂါ စတဲ့ ရောဂါတွေကြောင့် အသက်ဆုံးရှုံးမှုကို လျှော့ချဖို့အတွက် ကျန်မာရေးအသိပညာပေးမှုတွေ လိုအပ်နေတယ် ဆိုတာကို Lifebuoy အနေနဲ့ သိမြင်ပါတယ်။ ဒါကြောင့် လက်ကိုဆပ်ပြာနဲ့ ဆေးကြောသင့်တယ်ဆိုတဲ့ အရေးကြီးတဲ့သတိပေးချက်ကို ၂၀၂၀ ပြည့်နှစ်အရောက်မှာ မြန်မာနိုင်ငံရှိ လူဦးရေသန်း ၂၀ အထိ မျှဝေနိုင်ဖို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ အစိုးရအဖွဲ့ဝင်တွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကလေးငယ်တွေ အသက် ၅ နှစ်ပြည့်ဖို့ ကူညီပ့ံပိုးသွားမှာ ဖြစ်ပါတယ်" ဟု Vice President of Myanmar, Cambodia & Laos ဖြစ်သူ Mr. SrikanthSrinivasamadhavan မှလည်း ပြောကြားခဲ့သည်။

          လက်ဆေးခြင်း အလေ့အကျင့်အတွက် High 5 ပြုလုပ်ခြင်းအစီအစဉ်သည် Lifebuoy မှ 'Help A Child Reach 5' လှုပ်ရှားမှု၏ အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းသည် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့သော ဖွံဖြိုးတိုးတက်မှုဆိုင်ရာ ပန်းတိုင်များကို နိုင်ငံအသီးသီးမှ နားလည်လျှောက်လမ်းနိုင်စေရန် ကူညီဆောင်ရွက်ပေးနေသော အစီအစဉ်လည်းဖြစ်သည်။ 

 

May Su Hlaing

www.drmyanmar.com