ကလေးငယ်များနှင့် ပြောင်းဖူးပေါက်ပေါက်စေ့
ပြောင်းဖူးပေါက်ပေါက်စားခြင်းကြောင့် အလွန်ငယ်ရွယ်သော ကလေးငယ်များတွင် အစာနင်ခြင်းဖြစ်နိုင်သောကြောင့် မိဘများအနေဖြင့်သတိထားသင့်ပါသည်။ အမေရိကန်နိုင်ငံ ကလေးအထူးကုဆရာ၀န်များအကယ်ဒမီ၏ ဖော်ပြချက်အရ ပေါက်ပေါက်သည် အသက် 4 နှစ်အောက် ကလေးများတွင် အစာနင်နိုင်ချေရှိသော စာရင်းတွင်ပါ၀င်ကြောင်း သိရပါသည်။
ထိုနည်းတူ ကလေးကြီးများနှင့် အရွယ်ရောက်ပြီးသူများပင်လျှင် လက်တစ်ဆုပ်ခန့် ပေါက်ပေါက်စေ့များကို တစ်ခါတည်း မမြိုချသင့်ပါသည်။ ထို့ပြင် ၎င်းပေါက်ပေါက်စေ့များကိုဝါးရခြင်းကြောင့် သွားများလည်း ပျက်စီးစေနိုင်ပါသည်။ အကယ်၍ ကလေးငယ်သည် ပြောင်းဖူးပေါက်ပေါက်စေ့များကို အလွန်အကျွံစားသုံးပြီးနောက် ဗိုက်အောင့်ပါက ကလေးအထူးကုဆရာ၀န်ထံ ချက်ချင်းသွားပါ။
Dr. Thinzar Wynn






























