/
node/4520

မိုက်ခရိုဝေ့မီးဖိုဖြင့် ဘယ်တော့မှပြန်မနွေးသင့်သော အစားစာ 6 မျိုး

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

1. ကြက်ဥပြုတ်

        ကြက်ဥပြုတ် အခွံခွာပြီးသားပဲဖြစ်ဖြစ်၊ အခွံနဲ့ပဲဖြစ်ဖြစ် မိုက်ခရိုဝေ့ထဲမှာပြန်ပြီး အပူပေးမယ်ဆိုရင် စိုထိုင်းမှုကြောင့် အပူချိန်လွန်စွာမြင့်မားစေပြီး ကြက်ဥကွဲထွက်စေပါတယ်။ ပိုပြီးကြောက်ဖို့ကောင်းတာက ကြက်ဥက မိုက်ခရိုဝေ့ထဲမှာကွဲမထွက်ဘဲ လက်ထဲ၊ ပန်းကန်ထဲ (သို့) ပါးစပ်ထဲရောက်မှ ပေါက်ထွက်ခြင်းဖြစ်ပါတယ်။ မပေါက်ကွဲစေဖို့အတွက် ကြက်ဥကို သေးသေးလေးတွေလှီးပြီးမှ မိုက်ခရိုဝေ့ထဲထည့်ပါ။ အကောင်းဆုံးကတော့ မိုက်ခရိုဝေ့ထဲ လုံးဝမထည့်ခြင်းပါပဲ။

 

2. မိခင်နို့ရည်

        မိခင်တွေက နို့ကိုညှစ်အအေးခံပြီးမှ ပြန်သုံးလေ့ရှိပါတယ်။ နို့ရည်ကို microwave ထဲမှာ ပြန်မနွှေးသင့်ပါဘူး။ မိုက်ခရိုဝေ့က အစားအစာတွေအပူပေးတဲ့နေရာမှာ မညီမျှတဲ့အတွက် နို့ဘူးမှာလည်းပူတဲ့နေရာက အရမ်းပူပြီး ကလေးပါးစပ်နဲ့ လည်ချောင်းအပူလောင်စေနိုင်ပါတယ်။ ဒါ့အပြင် ပလပ်စတစ်နို့ဘူးကိုထည့်နွှေးခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်ပါတယ်။

 

3. အသင့်ပြုလုပ်ထားသောအသားများ

        ဒီအသားတွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ကြာရှည်ခံပစ္စည်းတွေက မိုက်ခရိုဝေ့ကြောင့် ပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် ဒီလိုအသားတွေကို မိုက်ခရိုဝေ့ထဲထည့်ပြီး ချက်ပြုတ်ခြင်းဖြင့် ဓာတ်ပြုပြီးသား ကိုလက်စထရောလ်တွေ(COP)ကို ထွက်လာစေပါတယ်။ COP က ရိုးရိုးကိုလက်စထရောလ်ထက် သွေးကြောတွေကို ပိုပျက်စီးစေပြီး နှလုံးသွေးကြောရောဂါ ဖြစ်စေနိုင်ပါတယ်။

 

4. ဆန်

        မချက်ထားတဲ့ဆန်မှာ အပူပေးတာကိုခံနိုင်ရည်ရှိတဲ့ ဘက်တီးရီးယားပိုးရဲ့ဥတွေပါဝင်ပါတယ်။ ဆန်ကို မိုက်ခရိုဝေ့ထဲကထုတ်ပြီး အခန်းထဲမှာထားလိုက်တာနဲ့ မျိ်ုးဥတွေပွားပြီး အထက်လန်အောက်လျှောဖြစ်စေပါတယ်။

 

5. ကြက်သား

        ကြက်သားမှာ Salmonella ဘက်တီးရီးယားရှိတတ်တဲ့အတွက် သေသေချာချာချက်ပြုတ်ဖို့လိုပါတယ်။ မိုက်ခရိုဝေ့က အစားအစာတွေကို ညီမျှစွာအပူမပေးနိုင်တဲ့အတွက် ကြက်သားရဲ့အချို့နေရာတွေမှာ ဘက်တီးရီးယားပိုးတွေ မသေဘဲဆက်ရှိနေတတ်ပါတယ်။ ဒါ့အပြင် ကြက်သားမှာ အသားဓာတ်ပါဝင်မှုများပြီး ဒီအသားဓာတ်တွေက အပူချိန်တစ်ခုထဲမှာ မပြိုကွဲပါဘူး။ အချို့ကမြန်မြန်ကျေပျက်ပြီး အချို့ကနှေးတဲ့အတွက် ဗိုက်မအီမသာဖြစ်စေနိုင်ပါတယ်။

 

6. အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

        ချက်ပြီးသား တရုတ်နံနံ၊ ကိုက်လန်၊ မုန်ညင်းတွေကို အချိန်ကြာမှပြန်စားချင်တယ်ဆိုရင် မိုက်ခရိုဝေ့ထဲမှာပြန်အပူပေးပြီးမှ စားတာထက်စာရင် သွန်ပစ်လိုက်တာက ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိမ်းရောင်ဟင်းသီးဟင်းရွက်ထဲမှာပါဝင်တဲ့ နိုက်ထရိတ်တွေက အပူပြန်ပေးလိုက်ရင် အဆိပ်ဖြစ်စေပါတယ်။ မိုက်ခရိုဝေ့ထဲမှာထည့်ပြီး အပူပေးခြင်းဖြင့် သဘာဝအတိုင်းတွေ့ရတဲ့ နိုက်ထရိတ်ကနေ ကင်ဆာဖြစ်စေနိုင်တဲ့ နိုက်ထရိုစမင်းအဖြစ် ပြောင်းလဲသွားပါတယ်။

Dr.Mya Myo Myo Swe

www.drmyanmar.com