/
node/4622

အချစ်နဲ့ ခံစားချက်

Category
အမျိုးသားများနှင့်ကျန်းမာရေး

          ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ သုတေသီတွေက အချစ်ကို Lust, Attraction နဲ့ Attachment ဆိုပြီး သုံးပိုင်းခွဲထားပါတယ်။ Lust လို့ခေါ်တဲ့ တပ်မက်ခြင်းအဆင့်မှာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် စိတ်မှာပြင်းပြတဲ့ ဆန္ဒတွေနဲ့ ပြည့်နှက်နေပါတယ်။ Adrenaline နဲ့ Norepinephrine ဟော်မုန်းတွေက ရင်ခုန်သံကိုမြန်စေပြီး ဒိုပါမင်း (dopamine) က ရွှင်လန်းဝမ်းမြောက်တဲ့ ခံစားချက်ကိုဖန်တီးပေးပါတယ်။

          တစ်စုံတစ်ယောက်ကို မချစ်မိခင်အချိန်မှာတောင် ဆွဲဆောင်မှုရှိတဲ့မျက်နှာကို မြင်ရခြင်းက ကြိုက်နှစ်သက်မှုရဲ့ ခံစားချက်အတွက် တာဝန်ယူထားတဲ့ ဦးနှောက်အစိတ်အပိုင်း လှုံ့ဆော်ခံရပါတယ်။ မော်ဖင်းကဲ့သို့သော နာကျင်ကိုက်ခဲမှုလျော့ပါးစေတဲ့ ဆေးတွေကလည်း ၎င်းအစိတ်အပိုင်းမှာသက်ရောက်မှုရှိပြီး အချစ်ကလည်းမော်ဖင်းကဲ့သို့ပင် နာကျင်မှုကိုခံနိုင်ရည်ရှိစေပါတယ်။

          လူတစ်ယောက်ကို ချစ်နေတဲ့အချိန်မှာ Nucleus accumbens လို့ခေါ်တဲ့ ဦးနှောက်ရဲ့ ပျော်ရွှင်ခြင်းနဲ့ဆိုင်တဲ့ အစိတ်အပိုင်းဆီသို့ သွေးစီးဆင်းမှုအားကောင်းစေပါတယ်။ အဲဒီအချိန်မှာ MRI ရိုက်ကြည့်မယ်ဆိုရင် အဲ့ဒီအစိတ်အပိုင်းမှာ လင်းလက်နေတာကိုတွေ့ရမှာပါ။ များသောအားဖြင့် သွေးစီးဆင်းမှုအားပိုကောင်းခြင်းက လူတစ်ဦးနှင့်တစ်ယောက်တွယ်တာရပြီဖြစ်တဲ့ Attraction အပိုင်းမှာဖြစ်လေ့ရှိပါတယ်။

          အဲနောက်ပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက်ဆွဲဆောင်တဲ့ Attraction အဆင့်ကနေ တစ်ယောက်ကိုတစ်ယောက် တွယ်တာတဲ့ Attachment Phase ကိုရောက်လာပါတယ်။ အဲ့ဒီအချိန် အောက်ဆီတိုဇင် (Oxytocin)၊ ဗေဆိုပရက်ဇင် (Vasopresvin) စတဲ့ဟော်မုန်းတွေထွက်ရှိလာပြီး စိတ်လုံခြုံမှုနဲ့ ကျေနပ်ပီတိဖြစ်မှုကို ခံစားရစေပါတယ်။

Dr. Htet Htet Aung

www.drmyanmar.com