/
node/4672

ကျေးလက်နှင့် မြို့ပြနေပြည်သူများ သွားဖုံးရောင်ရောဂါဖြစ်ပွားနေမှု 70 ရာခိုင်နှုန်းခန့်ရှိလာ

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

        မြန်မာနိုင်ငံတစ်ဝမ်းရှိ ကျေးလက်ဒေသနှင့် မြို့နေလူထုများအကြား သွားနှင့်ခံတွင်းရောဂါဖြစ်ပွားမှုများ၌ ကလေးငယ်များတွင် သွားပိုးစားရောဂါခံစားကြုံတွေ့နေရပြီး လူကြီးပိုင်းအရွယ်များတွင် သွားဖုံးရောင်ရောဂါကို 70ရာခိုင်နှုန်း ပမာဏခံစားနေရကြောင်း မြန်မာနိုင်ငံသွားနှင့် ခံတွင်းဆရာဝန်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါက်တာဦးမြင့်ထိန်ကပြောကြားသည်။

       လူကြီးပိုင်းအရွယ်များတွင်ဖြစ်ပွားသော သွားဖုံးရောင်ရောဂါသည် သွားအတွင်းအစာကျန်ရှိခြင်းနှင့် သွားသန့်ရှင်းရေးအားနည်းခြင်းများကြောင့်ဖြစ်ပြီး သွားအတွင်း စားသောက်ပြီး အစာကျန်ရာမှ သွားကျောက်တည်မှုဖြစ်လာပါက သွားဖုံးရောင်ရောဂါဖြစ်ပွားလာရန် အခွင့်အလမ်းများကြောင်းသိရသည်။

       “ကျွန်တော်တို့သိသလောက် နယ်မှဆင်းပြီးကုသမှုတွေလုပ်တဲ့အခါမှာ သွားဖုံးယောင်ရောဂါဖြစ်ပွား မှု တော်တော်များများတွေ့ရတာရှိပါတယ်။ ဒီရောဂါအပြင် သွားကျိုးတာနဲ့ အခြားရောဂါတွေလည်း အနည်းအကျဉ်းရှိပါတယ်။ အဓိက,ကတော့ ကျွန်တော်တို့အနေနဲ့ ပညာပေးတဲ့ အပိုင်းမှာ လည်း ကျေးလက်နေပြည်သူတွေ အရင်ကမရတဲ့အတွက်ကြောင့်မို့ ဒီနှစ်မှာပညာပေး project တွေကို ကြိုးစားဆောင်ရွက်ဖို့လုပ်နေတာဖြစ်ပါတယ်။ ကွမ်းစားတာနဲ့ပတ်သက်ရင်လည်း အရင်ကတော့ ကျေးလက်မှာ ပိုများတယ်လို့ယူဆကြတာ။ ဒါပေမယ့် အခုကျတော့ ကျေးလက်မြို့ပြ ဘာမှသိပ်ကွားခြားမှုမရှိတော့ဘူး။ မြို့ပြမှာလည်း ကွမ်းကိုတော်တော်လေး စားလာတာတွေ့ရတယ်။ ပညာပေးတွေအနေနဲ့ကတော့ သွားနှင့်ခံတွင်းကနေတဆင့်ဖြစ်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ သွားပိုးစားတာအပြင် အခြားခံတွင်းပိုင်းဆိုင်ရာရောဂါတွေအကြောင်း အသိပညာပေးမှုတွေလုပ်သွားမှာပါ’’ ဟု ဒေါက်တာဦးမြင့်ထိန်ကပြောသည်။

       မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆရာဝန်များအသင်းအနေဖြင့် လာမည့်လများအတွင်း ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များသို့ ပညာပေးစီမံကိန်းများအနေဖြင့် သွားရောက်ကြရန် စီစဉ်မှုများရှိနေပြီး မြန်မာပြည်ရှိ ကလေးငယ် 9 သန်း အတွက်ရည်ရွယ်သော ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များတွင်လည်း Oral Health Education project များအနေနှင့် အကောင်အထည်ဖော်ကာ လုပ်ဆောင်မည်ဟုသိရသည်။

 

May Su Hlaing

www.drmyanmar.com