သံပုယိုသီးစိမ်ထားတဲ့ရေကို အလွန်အကျွံသောက်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ
ခုခေတ်စားနေတဲ့ ကိုယ်ခန္ဓာထဲက အဆိပ်အတောက်တွေဖယ်ရှားပေးတဲ့အပြင် ကိုယ်အလေးချိန်လျှော့ ချရာမှာလည်း အသုံးဝင်လှတဲ့သံပုယိုသီးစိမ်ထားတဲ့ရေ (Lemon water) ကို det၀x အကြောင်း စိတ်ဝင်စားသူတိုင်း ကြားဖူးကြပါလိမ့်မယ်။ ၎င်းအရည်ကို ပုံမှန်အားဖြင့် မနက်ဘာမျှ မစားမသောက်မီ ဦးစွာသောက်သုံးလေ့ရှိကြပါတယ်။
ဒါပေမယ့်လည်း ဘယ်အရာမှအလွန်အကျွံဆိုတာမကောင်းပါဘူး။ lemon water ဟာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုပေမယ့်လည်း အများကြီးသောက်ပါက အောက်ပါပြဿနာအချို့ကို ကြုံတွေ့ရနိုင်ပါတယ်။
1. ရင်ပူခြင်း
သံပုယိုသီးစိမ်ထားတဲ့ရေဟာ ရင်ပူခြင်းခံစားနေရပါက ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဘာကြောင့် အဲလိုဖြစ်ရလဲဆိုတာ သံပုယိုရည်မှာပါတဲ့ အယ်လ်ကာလီသက်ရောက်မှုကြောင့် အက်စစ်တွေပြန်ဆန် တက်လာရခြင်းဖြစ်ပါတယ်။
2. သွားကြွေလွှာများပျက်စီးခြင်း
အက်စစ်ပါဝင်တဲ့အစားအသောက်တွေကို အများကြီးစားခြင်းကြောင့် သွားတွေပျက်စီးစေနိုင်ပါတယ်။ lemon water ကို သောက်ရင်းတဖြည်းဖြည်းနဲ့ သွားရဲ့ကြွေလွှာတွေပျက်စီးလာပြီး ပူတဲ့အစားအစာတွေနဲ့ အေးတဲ့အစားအစာတွေစားရင် မခံနိုင်ဖြစ်လာပါတယ်။ ဒါတွေကာကွယ်နိုင်ဖို့ Lemon water သောက်ရင် ပိုက်နဲ့စုပ်သောက်သင့်ပါတယ်။ အကယ်၍ သွားတွေပျက်စီးနေပြီဆိုပါက သွားဆရာဝန်ထံသွား၍ ကုသမှုခံယူသင့်ပါတယ်။
3. ဆီးသွားများခြင်းနဲ့ ရေဓာတ်ခန်းခြောက်ခြင်း
သံပုယိုသီးမှာပါတဲ့ ဗီတာမင် C ဓာတ်ဟာ သဘာဝဆီးဆေးတစ်မျိ်ုးပဲဖြစ်ပါတယ်။ ဆိုလိုတာက ဆီးသွားများစေခြင်းကြောင့် ဆားဓာတ်နဲ့ရေဓာတ်တွေကို ဆုံးရှုံးစေနိုင်ပါတယ်။ Lemon Water သောက်ခြင်းဟာ ခန္ဓာကိုယ်ကိုအကျိုးပြုနိုင်တယ်ဆိုပေမယ့်လည်း ရေဓာတ်ခန်းခြောက်ခြင်း စတင်ခံစားနေရပြီဆိုပါ က လျှော့ပြီးသောက်သုံးသင့်ပါတယ်။
သံပုယိုသီးစိမ်ထားတဲ့ detox water ရေဟာ သဘဝပစ္စည်းတွေနဲ့ပြုလုပ်ထားတာကြောင့် အန္တရာယ်မရှိဘူးဆိုပေမယ့်လည်း အခြားကျန်းမာရေးပြဿနာတွေရှိပါက မသောက်သုံးမီ ဆရာဝန်နှင့်ကြိုတင်ဆွေးနွေးသင့်ပါတယ်။
Dr. Thinzar Wynn






























