/
node/4686

အရေးအကြောင်းတွေကို သက်သာစေနိုင်မယ့် နည်းလမ်းများ

Category
အလှအပနှင့်ကျန်းမာရေး

1. အသားအရည်ထိန်းသိမ်းတဲ့အခြေခံနည်းလမ်းများကို လိုက်နာပါ

        မိမိအသားအရည်ကို အစဉ်အမြဲနုပျိုနေစေရန် အောက်ပါတို့ကို မဖြစ်မနေလုပ်ဆောင်ပါ။

- နေရောင်ဖြင့် တိုက်ရိုက်မိတွေ့ခြင်း

- နေရောင်ကာခရင်မ်လိမ်းခြင်း

- နေပူဒဏ်ခံနိုင်မည့် အဝတ်အစားများကိုဝတ်ဆင်ခြင်း (အကျႌလက်ရည်၊ ဘောင်းဘီအရှည်)

- ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ခြင်း

- အစိုဓာတ်ဖြည့်ပေးမည့် ခရင်မ်လိမ်းခြင်း

2. ပက်လက်အိပ်စက်ခြင်း

        ညစဉ်ညတိုင်း အိပ်စက်သည့်အနေအထားပေါ်မူတည်၍ အရေးအကြောင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။ တစောင်းအိပ်စက်ခြင်းဖြင့် ပါးနှင့် မေးစေ့တွင် အရေးအကြောင်းဖြစ်တတ်ပြီး မှောက်အိပ်ပါက မျက်ခုံးနား တစ်ဝိုက်တွင် အရေးအကြောင်းတွေဖြစ်နိုင်ပါတယ်။

3. ဆဲလ်မွန်ငါးကို ပိုမိုစားသုံးပါ

        ဆဲလ်မွန်အပါအဝင် ရေချိုငါးအချို့ဟာ အရေပြားပြန်လည်တည်ဆောက်ဖို့လိုအပ်တဲ့ အသားဓာတ်တွေ အပြင် အိုမီဂါ 3 အဆီဓာတ်တွေပါ အများအပြားပါဝင်ပါတယ်။ ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ ၎င်းအဆီဓာတ်တွေဟာ အရေပြားရဲ့အာဟာရဓာတ်ကို ဖြည့်တင်းပေး၍ အရေးအကြောင်းတွေကို သက်သာစေနိုင်တာကြောင့် ငယ်ရွယ်နုပျိုစေပါတယ်။

4. မျက်မှောင်မကျုံ့ပါနှင့်

        မကြာခဏမျက်မှောင်ကျုံ့ခြင်းကြောင့် မျက်နှာကြွက်သားတွေကို ပင်ပန်းစေပြီး အရေးအကြောင်းတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးကိုကျယ်ကျယ်ဖွင့်ထားပါ။ လိုအပ်ပါက စာကြည့်မျက်မှန်တပ်ရည် ဝန်မလေးပါနှင့်။ နေကာမျက်မှန်တပ်ခြင်းဖြင့်လည်း နေရောင်ကြောင့် မျက်စိပျက်စီးခြင်းကို ကာကွယ်နိုင်တဲ့အပြင် မျက်စိမစူးတာကြောင့် မျက်မှောင်မကျုံ့နိုင်တော့ပေ။

5. သဘာဝအက်ဆစ်များ (AHAs)

        ထိုသဘာဝအက်ဆစ်တွေဟာ အရေပြားရဲ့အပေါ်ဆုံးလွှာမှာရှိတဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် ချေွးပေါက်ကျယ်ခြင်း၊ အရေးအကြောင်းဖြစ်ခြင်း (အထူးသဖြင့် မျက်လုံးတစ်ဝိုက်) တို့ကို လျော့ကျစေနိုင်ပါတယ်။ ပိုမိုပြင်းအားကောင်းတဲ့ AHA တွေကတော့ အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို ပိုမိုကောင်းမွန်စေရန် အကူအညီပေးပါတယ်။ AHA ကိုအသုံးပြုခြင်းဖြင့် အရေပြားသည် နေရောင်ဒဏ်ကို မခံနိုင်ဖြစ်တတ်တာကြောင့် နေရောင်ကာခရင်မ်ကို ဂရုပြု၍လိမ်းသင့်ပါတယ်။

6. မျက်နှာကိုအလွန်အကျွံမသစ်ပါနှင့်

        မျက်နှာသစ်ခြင်းသည် အရေးအကြောင်းတွေဖြစ်ခြင်းကို ကာကွယ်ပေးတဲ့အစိုဓာတ်နဲ့ သဘာဝအဆီတွေ ကို ဖယ်ရှားပစ်နိုင်တာကြောင့် မကြာခဏမျက်နှာသစ်ပါက အကာအကွယ်တွေကို ဆေးကြောလိုက်တာနဲ့ အတူတူပင်ဖြစ်ပါတယ်။ အစိုဓာတ်ပါတဲ့ဆပ်ပြာ (သို့) ဂျဲလ််နဲ့ ခရင်မ်မျက်နှာသစ်ဆေးတွေကို ရွေးချယ် အသုံးပြုသင့်ပါတယ်။

7. ဗီတာမင် C လိမ်းပါ

        ဗီတာမင် C ပါတဲ့ ခရင်မ်တွေဟာ အရေပြားရဲ့ကော်လဂျင် (အသားဓာတ်တစ်မျိုး) ပိုမိုထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်တယ်လို့ သုတေသနပြုလုပ်ချက်အချို့အရသိရပါတယ်။ ထို့ပြင် ဗီတာမင် C သည် ခရမ်းလွန်ရောင်ခြည် A နဲ့ B ကြောင့် ပျက်စီးခြင်းကိုကာကွယ်ပေးနိုင်တဲ့အပြင် နီရဲခြင်း၊ အမဲစက်နဲ့ အသားအရောင်မညီညာခြင်းတို့ကိုလည်း သက်သာစေပါတယ်။ ဒါကြောင့် မိမိအရေပြားနဲ့သင့်တော်မယ့် ဗီတာမင် C အမျိုးအစားကို ရွေးချယ်ဝယ်ယူဖို့လိုအပ်ပါတယ်။ (ဥပမာ - L-ascorbic acid သည် အရေးအကြောင်းအတွက် အကောင်းဆုံးဖြစ်ပါတယ်။)

8. ပဲပိစပ်ပါဝင်တဲ့ အသားအရည်ထိန်းသိမ်းသောပစ္စည်းများ

        ပဲပိစပ်ဟာ အရေပြားရဲ့အသွင်အပြင်ကို ပိုမိုကောင်းမွန်စေတဲ့အပြင် ပျက်စီးခြင်းမှလည်း အကာ အကွယ်ပေးပါတယ်။ လေ့လာတွေ့ရှိချက်များအရ ပဲပိစပ်ကိုလိမ်းကျံသည်ဖြစ်စေ၊ ဖြည့်စွက်အာဟာရ အနေဖြင့် သောက်သုံးသည်ဖြစ်စေ နေလောင်ဒဏ်ရာတွေကို သက်သာစေ၍ အရေပြားကိုလည်း တင်းရင်းလှပစေနိုင်ပါတယ်။

9. ကော်ဖီအစား ကိုကိုးကိုသောက်သုံးပါ

        သုတေသနပြုလုပ်ချက်တစ်ခုအရ ကိုကိုးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှစ်ခု အမြောက်အများ ပါဝင်တာကြောင့် နေရောင်ခြည်ဒဏ်မှကာကွယ်ပေးခြင်း၊ အရေပြားဆဲလ်တွေဆီသို့ သွေး လည်ပတ်မှုကောင်းစေခြင်း၊ အစိုဓာတ်ထိန်းသိမ်းပေးခြင်းနဲ့ အရေပြားကိုချော့မွေ့စေခြင်း စတဲ့ အကျိုးကျေးဇူးတွေကိုရရှိစေနိုင်ပါတယ်။

Dr. Thinzar Hua Wynn

www.drmyanmar.com